သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အရေး လုံခြုံရေးကောင်စီ အရေးယူမှုသစ် ရဖို့ ကန် ကြိုးပမ်း


ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power (ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆)
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power (ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆)

မြောက်ကိုရီးယားနိုင်ငံ အပေါ် ပိုမိုပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ရေး ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြန်ဆုံး မဲခွဲ အတည်ပြုဖို့ အဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက တွန်းအားပေးနေပါတယ်။ ဒီအရေးယူ ပိတ်ဆို့မှုက ကုန်တင်သင်္ဘောအားလုံးကို စစ်ဆေးခွင့်ရှိပြီး စစ်ရေးအတွက် အသုံးပြုနိုင်တဲ့ကုန်ပစ္စည်းအားလုံး တင်သွင်းမှုကို တားဆီးလိုက်တာဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ဒီဆုံးဖြတ်ချက် ကို ကြာသာပတေးနေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီ့ မတိုင်ခင်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံတို့ ခုနှစ်ပတ်ကြာ ဆွေးနွေးခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ နျူကလီးယား ကာကွယ်ရေးစွမ်းရည်ကို မီးမောင်းထိုးပြတဲ့ အနေနဲ့ အမေရိကန်စစ်တပ်က ကယ်လီဖိုနီးယားပြည်နယ် Vanden Berg လေတပ်အခြေစိုက်စခန်းကနေ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ညပိုင်းမှာ ဒုံးကျည် စမ်းသပ် ပစ်လွှတ်ပါတယ်။

တောင်ပစိဖိတ်သမုဒ္ဒရာထဲက Marshall ကျွန်းစုနားကို ပစ်မှတ်ထား ပစ်လွှတ်လိုက် တာဖြစ်ပါတယ်။ အဲဒီ ဒုံးကျည် မပစ်ခင်လေးမှာတင် ဒုတိယကာကွယ်ရေး ဝန်ကြီး Robert Work က သတင်းထောက်တွေကို ပြော သွားတာက ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်ရဲ့ စစ်ဖက်ဆိုင်ရာ အသင့်ရှိနေမှုကို ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလကတည်းက စပြီးတော့ ဒုံးကျည်စမ်းသပ်မှု ၁၅ ခုမက လုပ်ခဲ့ပြီးဖြစ်ကြောင်း လည်း ဝန်ကြီး Work က ပြောပြီး လိုအပ်လာရင် နိုင်ငံတော် ကာကွယ်ရေးအတွက် နျူကလီယားလက်နက်ကို အသုံးပြုဖို့ အသင့်ရှိတယ် လို့ ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG