သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်သစ် ရွေးချယ်


ကုလလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်သစ်ရွေးချယ်ရန် မဲပေးနေစဉ်
ကုလလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်သစ်ရွေးချယ်ရန် မဲပေးနေစဉ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင် ငါးနေရာအတွက် အထွေထွေညီလာခံမှာ အင်္ဂါနေ့က မဲပေးရွေးချယ်ကြတာ မှာ အပြိုင်အဆိုင် အရွေးခံပြီးတဲ့နောက် ဆွီဒင်နဲ့ ကာဇက်စတန်နိုင်ငံတွေ အရွေးခံရပါတယ်။ အီသီယိုးပီးယားနဲ့ ဘိုလီးဗီးယားနိုင်ငံ တွေကတော့ ယှဉ်ပြိုင်အရွေးခံရတဲ့ အခြေအနေမျိုးနဲ့ မကြုံရဘဲ အာဖရိကတိုက်နဲ့ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသ အတွက် လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်တွေအဖြစ် အရွေးခံရပါတယ်။

နယ်သာလန်နဲ့ အီတလီနိုင်ငံတို့ကြား တဘက်နဲ့တဘက် အပြိုင်အဆိုင် အရွေးချယ်ခံတာမှာတော့ ဘယ်ဘက်ကမှ အသာမရဘဲ ဖြစ်ခဲ့ ပြီးတဲ့နောက်မှာတော့ နှစ်နှစ်သက်တမ်း အလှည့်ကျအဖွဲ့ဝင်တနေရာကို တနှစ်စီခွဲပြီးတာဝန်ယူဖို့ သဘောတူလိုက်ကြပါ တယ်။

ငါးကြိမ်မဲပေးပြီးတဲ့အထိ နှစ်နိုင်ငံစလုံးဟာ မဲအရေအတွက် ၉၅ မဲစီ အညီအမျှရခဲ့ကြပြီး အဖွဲ့ဝင်တနေရာရဖို့ လိုအပ်တဲ့ ၁၂၇ မဲကို ဘယ်နိုင်ငံကမှ မရခဲ့ပါဘူး။ အဲဒီနောက် နှစ်နိုင်ငံဆွေးနွေးကြပြီး အနောက်ဥရောပနဲ့ တခြားအစုအဖွဲ့များအတွက် လျာထားတဲ့ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်တနေရာကို ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နှစ်နိုင်ငံဖြစ်တဲ့ နယ်သာလန်တို့ အီတလီတို့ တနှစ်စီ ခွဲပြီးယူဖို့ သဘောတူလိုက်ကြတာပါ။

အီတလီနိုင်ငံက ၂၀၁၇ ခုနှစ်မှာ တာဝန်ယူပြီး နယ်သာလန်က ၂၀၁၈ ခုနှစ်မှာ တာဝန်ယူမယ်လို့ သက်ဆိုင်ရာ နိုင်ငံခြား ရေးဝန်ကြီးတွေ အဆိုပြုထားပါတယ်။ လုံခြုံရေးကောင်စီမှာ နှစ်နှစ်သက်တမ်း ရှိတဲ့ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ ဗီတိုအာဏာ သုံးခွင့်ရှိတဲ့ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ စုစုပေါင်းအဖွဲ့ဝင် ၁၅ နိုင်ငံရှိပါတယ်။ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG