သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး အားလုံးပါဝင်တဲ့ဆွေးနွေးမှုဖြစ်ဖို့ ကန်ထောက်ခံ

UN security council
UN security council

ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ နဲ့ အညီ၊ ကိုယ်စားပြု ဒီမိုကရေစီ လမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်ရောက်အောင် အားလုံးပါဝင်တဲ့ ဆွေးနွေးရေး ကို အမေရိကန် ပြည်ထောင်စုက ထောက်ခံပြီး၊ ကျယ်ပျံ့နှံ့စပ် တကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်အချက်အားဖြင့်သာ လက်ရှိ ကြောက်မက်ဖွယ် ပဋိပက္ခ ကို ငြိမ်းချမ်း တရားမျှတစွာ အဆုံးသတ်နိုင်ပါမယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ နဲ့ အဖွဲ့ဝင် မဟုတ်သူများ တိုင်ပင်နှီးနှောတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ Arria-formula Meeting ခေါ် နှီးနှောဖလှယ်ပွဲ မှာ သံအမတ်ကြီး Linda Thomas-Greenfield က ဗုဒ္ဓဟူးနေ့ က ပြောကြားလိုက်တာပါ။ စစ်ကောင်စီ ရဲ့ အကြမ်းဖက်မှုတွေအပေါ် လုံခြုံရေးကောင်စီ က အရေးယူဆောင်ရွက်ဖို့လည်း မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသွားပါတယ်။ စစ်ကောင်စီ ရဲ့ လေယာဥ်ဆီ ဝယ်ယူနိုင်မှု နဲ့ စစ်ကောင်စီကို လက်နက်ရောင်းချရေး ကန့်သတ် ပိတ်ပင်ဖို့လည်း အမေရိကန် သံအမတ်ကြီး ကလည်း တောင်းဆိုသွားပါတယ်။ ၂၀၂၄ ခုနှစ် မေလအထိ ငါးလတာအတွင်း စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်တာ ဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ် တိုက်ခိုက်ခဲ့တာထက် ပိုများနေပြီလို့လည်း သံအမတ်ကြီး က ဆိုပါတယ်။

မြန်မာကိစ္စ ကို ချဥ်းကပ်ရာမှာ ကလေးတွေကို ဦးစားပေးထားတဲ့ ချဥ်းကပ်ရမှာ ဖြစ်ပြီး၊ ငြိမ်းချမ်းပြီး ဒီမိုကရေစီကျတဲ့ မြန်မာ့အနာဂတ်အတွက် ဦးဆောင်နေကြသူတွေ ကို အပြည့်အဝ ထောက်ခံကြောင်းလည်း ပြောဆိုသွားပါတယ်။ အထူးသဖြင့် လူငယ်ခေါင်းဆောင်တွေ နဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့တွေကို ထောက်ခံတယ်လို့ ဆိုသွားပါတယ်။

This item is part of

Forum

XS
SM
MD
LG