သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ်နဲ့ ကချင်ခေါင်းဆောင်တွေတွေ့


Hình ảnh Sao Diêm Vương chụp từ phi thuyền New Horizons của NASA, ngày 13 tháng 7, 2015, khi phi thuyền này bay cách bề mặt hành tinh này 768.000 km. (NASA/APL/SwRI)
Hình ảnh Sao Diêm Vương chụp từ phi thuyền New Horizons của NASA, ngày 13 tháng 7, 2015, khi phi thuyền này bay cách bề mặt hành tinh này 768.000 km. (NASA/APL/SwRI)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်
ဗွီဂျေး နမ်ဘီယား ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိတဲ့ တရုတ်မြန်မာနယ်စပ်က လိုင်ဇာမြို့ကို သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌ အပါအဝင် ဗဟိုကော်မတီနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒ
ဒါဟာ ဒုတိယအကြိမ်မြောက် ဆွေးနွေးကြတာဖြစ်သလို ရန်ကုန်မြို့မှာ စနေနေ့မှာ ကျင်းပတော့မယ့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲ မတိုင်ခင်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကိုတော့ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ မူလက မတ်လ ၂၉ရက်နေ့မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းပြီးမှ ဧပြီလ ၂ရက်နေ့ မနက်မှာ KIO ဌာချုပ် လိုင်ဇာကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ အတူ လိုက်ပါသွားခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCGက ဦးအင်ရှန်ဆန်အောင်က ဗွီဂျေးနမ်ဘီယားဟာ လိုင်ဇာမြို့မှာ ဗွီဂျေးနမ်ဘီးယားဟာ KIO ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အခုလို ပြောပါတယ်။

"မနေ့ကသွားတာပါ။ မနေ့ကသွားတယ်။ ဒီနေ့ပြန်လာတယ်။ လိုင်ဇာမှာ ကေအိုင်အို ဥက္ကဋ္ဌအပါအဝင် ဗဟိုကော်မတီဝင်တွေနဲ့တွေ့ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ် အတွက် ရှေ့ဆက်လျောက်ရမယ့် ကိစ္စတွေကို ဆွေးနွေး ပါတယ်။ ပြီးရင် မစ္စတာနမ်ဘီးယားဟာလည်း မကြာခင် ဧပြီလအတွင်းမှာ ကျင်းပမယ့် ကုလသမဂ္ဂအစည်းအဝေးမှာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ သူတင်ပြရမယ်ဆိုတဲ့ အကြောင်းတွေရှိတဲ့အတွက် သူဒီကိုလာရတယ်လို့ ကျနော်သိရတယ်။ အဲ့တာကြောင့် ရှေ့ဆက်ပြီးမှလည်း သူတို့ပါဝင်မယ့်အကြောင်း ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတို့ဆက်လက်ပြီး ဆုံးတဲ့အထိ ပါဝင်မယ့်အကြောင်း သူတို့ပြောပါတယ်ခင်ဗျ။"

ဗွီဂျေးနမ်ဘီးယားဟာ ဧပြီလ ၁ရက်နေ့ညမှာ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ကို အကြောင်းကြားပြီး နောက်တရက် မနက်မှာ လိုင်ဇာခရီးစဉ်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီတကြိမ် ခရီးစဉ်မှာတော့ ဗွီဂျေးနမ်ဘီးယားဟာ ဒုက္ခသည် စခန်းတွေကို မသွားရောက်နိုင်ခဲ့ဘူးလို့လည်း ဦးအင်ရှန်ဆန်အောင်က ပြောပါတယ်။

" ဒုက္ခသည်စခန်းတွေကို မသွားပါဘူးခင်ဗျ။ ဒုက္ခသည်စခန်းတွေကို မရောက်ပါဘူး။ ဒုက္ခသည်စခန်းတွေကို သွားဖို့ အစီအစဉ်ရှိပေမဲ့ အချိန်မရတော့တဲ့အတွက် မသွားဖို့ဖြစ်တော့ဘူး ဖြစ်သွားတာခင်ဗျ။ ညအိပ်ပြီးတော့ မနက်အစောကြီးပြန်ပါတယ်။"

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းက ပထမအကြိမ်သွားရောက်ခဲ့တုံးကတော့ လိုင်ဇာမြို့အနီးက ဂျေယန်းစခန်းကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒီလို လာရောက်ပြီးနောက်မှာတော့ တိုက်ပွဲတွေ လျော့နည်းခဲ့သလို အထောက်အပံ့တွေလည်း ရလာခဲ့တယ်လို့ စခန်းမှာ နေထိုင်သူတဦးက အခုလို ပြောပါတယ်။

"လာပြီးနောက်မှာက တိုက်ပွဲအခြေအနေက ငြိမ်သွားတဲ့သဘောရှိတယ်။ ဒါပေမဲ့ ရှေ့တန်းမှာက အစိုးရစစ်တပ်က တပ်က အများကြီး တိုးတုန်းရှိတယ်။ ဒါပေမဲ့ တိုက်ပွဲက ငြိမ်သွားပြီ။ အဲ့ဒီ့နောက်မှာ World Food က လာတယ်။ ဆန်၊ ဆီ၊ ဆားတွေ၊ အထောက်အပံ့တွေ၊ နှစ်ခါ သုံးခါလောက် ကျနော်တို့ဆီ ရောက်တယ်။"

ဂျေယန်းဒုက္ခသည်စခန်းမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့ညက လေပြင်း တိုက်ခဲ့တာကြောင့် နေအိမ် အလုံး ၅၀လောက် အိမ်ခေါင်မိုးတွေ ပျက်ဆီးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား ဒီနေ့ နေ့ခင်း ၁၁နာရီကျော်မှာ မြစ်ကြီးနား ကို ရောက်ရှိခဲ့ပါတယ်။ နေ့ခင်း ၁နာရီခွဲမှာတော့ မြစ်ကြီးနားမြို့ကနေ ရန်ကုန်မြို့ကို ထွက်ခွာခဲ့ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မြောက်ပိုင်းတိုင်း တိုင်းမှုးတို့ လေဆိပ်ကို လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။

ဗီဂျေးနမ်ဘီယားရဲ့ ခရီးစဉ်ကတော့ လာမယ့် စနေနေ့မှာ စတင်မယ့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုုပ်မူကြမ်း ညှိနှိုင်းမယ့် ဆွေးနွေးပွဲ မတိုင်ခင်မှာ အပစ်အခတ်မရပ်စဲသေးတဲ့ ကေအိုင်အိုနဲ့ သွားရောက်တွေ့ဆုံခဲ့တာဖြစ်သလို၊ စနေနေ့မှာ စတင်မယ့် ဆွေးနွေးပွဲမှာလည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG