သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေဘးကာလ ျမန္မာအပစ္ရပ္စဲေရးအတြက္ လုံၿခဳံေရးေကာင္စီကို ကုလစုံစမ္းေရးမႉးတိုက္တြန္း


ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢ စုံစမ္းစစ္ေဆးေရးမႉး Tom Andrews

ZAWGYI/UNICODE

ျမန္မာႏိုင္ငံမွာ အေရးေပၚ "ကိုဗစ္ အပစ္အခတ္ရပ္စဲေရး" အတြက္ တြန္းအားေပးၾကဖို႔ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးအေျခအေနဆိုင္ရာ ကုလသမဂၢ စုံစမ္းစစ္ေဆးေရးမႉး Tom Andrews က လုံၿခဳံေရးေကာင္စီနဲ႔ ကုလအဖြဲ႕ဝင္ႏိုင္ငံေတြကို ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

အာဏာသိမ္း စစ္ေကာင္စီက က်န္းမာေရးလုပ္သားေတြအေပၚ ဖိႏွိပ္ တိုက္ခိုက္တာေတြ တိုးျမႇင့္လုပ္ေဆာင္ေနၿပီး ကိုဗစ္နဲ႔ ကူးစက္ ေသဆုံးသူအေရအတြက္ကလည္း တိုးလာေနခ်ိန္မွာ Tom Andrews က အခုလို ေတာင္းဆိုလိုက္တာပါ။

စစ္ေကာင္စီအေနနဲ႔ တိုက္ခိုက္မႈအားလုံးကို ခ်က္ျခင္းရပ္ဆိုင္းဖို႔၊ အထူးသျဖင့္ COVID-19 ကပ္ေရာဂါ တိုက္ဖ်က္ေရးအတြက္ အထူးလိုအပ္ေနတဲ့ က်န္းမာေရးလုပ္သားေတြအေပၚ တိုက္ခိုက္မႈေတြ ရပ္တန႔္ဖို႔ ေတာင္းဆိုတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္တာအပါအဝင္ ကုလသမဂၢမွာရွိတဲ့ နည္းလမ္းအားလုံးကို အသုံးျပဳလုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ Tom Andrews ရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္ထဲမွာ အထူးေဖာ္ျပထားပါတယ္။

"ျမန္မာႏိုင္ငံက လူအမ်ားအျပား အခ်ည္းႏွီး အသက္ဆုံးပါးေနၾကရသလို ကုလသမဂၢက အေရးယူလုပ္ေဆာင္မႈမရွိရင္ ေနာက္ထပ္ အမ်ားႀကီး ဆုံးပါးၾကရပါလိမ့္ဦးမယ္" လို႔ Tom Andrews က သတိေပးထားပါတယ္။ "COVID-19 အက်ပ္အတည္းကာလအတြင္း စစ္ေကာင္စီက တိုက္ခိုက္တာ၊ ၿခိမ္းေျခာက္ေႏွာင့္ယွက္တာ၊ ဖမ္းဆီးတာေတြ ရပ္တန႔္ေစဖို႔ ကုလသမဂၢအေနနဲ႔ ခ်က္ျခင္း အေရးယူလုပ္ေဆာင္ရပါမယ္" လို႔လည္။ ဆိုပါတယ္။

"COVID-19 က အထိန္းအခ်ဳပ္မဲ့ ပ်ံ႕ႏွံ႔ေနတာနဲ႔အမွ် က်န္းမာေရးလုပ္သားေတြကို စစ္ေကာင္စီက အညႇာတာကင္းစြာ တိုက္ခိုက္ေနခ်ိန္ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြအေနနဲ႔ ေဝဖန္ေထာက္ျပတာမလုပ္ဘဲ ဒီတိုင္းေနေနလို႔ မရပါဘူး။ ဒီအၾကမ္းဖက္လုပ္ရပ္ အဆုံးသတ္ေအာင္ အေရးယူလုပ္ေဆာင္ရပါမယ္။ ဒါမွသာ ဆရာဝန္ေတြ၊ သူနာျပဳေတြအေနနဲ႔ အသက္ကယ္ ေစာင့္ေရွာက္မႈေတြ ေပးႏိုင္မွာျဖစ္သလို ႏိုင္ငံတကာအဖြဲ႕အစည္းေတြ အေနနဲ႔လည္း ကာကြယ္းေဆးေတြ၊ တျခား ဆက္စပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို ေပးႏိုင္မွာျဖစ္ပါတယ္" လို႔ Tom Andrews ကေျပာပါတယ္။

UNICODEမြန်မာနိုင်ငံမှာ အရေးပေါ် "ကိုဗစ် အပစ်အခတ်ရပ်စဲရေး" အတွက် တွန်းအားပေးကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး Tom Andrews က လုံခြုံရေးကောင်စီနဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကျန်းမာရေးလုပ်သားတွေအပေါ် ဖိနှိပ် တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ကိုဗစ်နဲ့ ကူးစက် သေဆုံးသူအရေအတွက်ကလည်း တိုးလာနေချိန်မှာ Tom Andrews က အခုလို တောင်းဆိုလိုက်တာပါ။

စစ်ကောင်စီအနေနဲ့ တိုက်ခိုက်မှုအားလုံးကို ချက်ခြင်းရပ်ဆိုင်းဖို့၊ အထူးသဖြင့် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အထူးလိုအပ်နေတဲ့ ကျန်းမာရေးလုပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တာအပါအဝင် ကုလသမဂ္ဂမှာရှိတဲ့ နည်းလမ်းအားလုံးကို အသုံးပြုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ Tom Andrews ရဲ့ ဒီကနေ့ထုတ်ပြန်ချက်ထဲမှာ အထူးဖော်ပြထားပါတယ်။

"မြန်မာနိုင်ငံက လူအများအပြား အချည်းနှီး အသက်ဆုံးပါးနေကြရသလို ကုလသမဂ္ဂက အရေးယူလုပ်ဆောင်မှုမရှိရင် နောက်ထပ် အများကြီး ဆုံးပါးကြရပါလိမ့်ဦးမယ်" လို့ Tom Andrews က သတိပေးထားပါတယ်။ "COVID-19 အကျပ်အတည်းကာလအတွင်း စစ်ကောင်စီက တိုက်ခိုက်တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာ၊ ဖမ်းဆီးတာတွေ ရပ်တန့်စေဖို့ ကုလသမဂ္ဂအနေနဲ့ ချက်ခြင်း အရေးယူလုပ်ဆောင်ရပါမယ်" လို့လည်။ ဆိုပါတယ်။

"COVID-19 က အထိန်းအချုပ်မဲ့ ပျံ့နှံ့နေတာနဲ့အမျှ ကျန်းမာရေးလုပ်သားတွေကို စစ်ကောင်စီက အညှာတာကင်းစွာ တိုက်ခိုက်နေချိန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဝေဖန်ထောက်ပြတာမလုပ်ဘဲ ဒီတိုင်းနေနေလို့ မရပါဘူး။ ဒီအကြမ်းဖက်လုပ်ရပ် အဆုံးသတ်အောင် အရေးယူလုပ်ဆောင်ရပါမယ်။ ဒါမှသာ ဆရာဝန်တွေ၊ သူနာပြုတွေအနေနဲ့ အသက်ကယ် စောင့်ရှောက်မှုတွေ ပေးနိုင်မှာဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း ကာကွယ်းဆေးတွေ၊ တခြား ဆက်စပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်" လို့ Tom Andrews ကပြောပါတယ်။

Myanmar UN
please wait

No media source currently available

0:00 0:01:37 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG