သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလတပ်ဖွဲ့တွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မပေးသင့်


ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့ရဲ့ အရပ်ဖက်နဲ့ ရဲဝန်ထမ်းတွေအပေါ် ပြစ်မှုကင်းလွတ်ခွင့် ပေးထားတာကို ပြန်လည် ရုပ်သိမ်းပေးဖို့အတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အဲဒီဝန်ထမ်းတွေအပေါ် ပြစ်မှုကင်းလွတ်ခွင့် ပေးထားတာကနေ ရုပ်သိမ်းလိုက်ရင် သူတို့တာဝန်ယူရတဲ့ လူတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်တာနဲ့ အနိုင်ကျင့် အမြတ်ထုတ်တာတွေကို ဟန့်တားနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

Aid-free world လို့ခေါ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့က အဲဒီ တောင်းဆိုလှုပ်ရှားမှုကို ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ စတင်လိုက်တာ ဖြစ်ပါတယ်။ အခုချိန်အထိတော့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့က အရပ်ဖက်နဲ့ ရဲဝန်ထမ်းတွေဟာ အတွင်းရေးမှူးချုပ်က အဲဒီ ပြစ်မှု ကင်းလွတ်ခွင့်ကို မရုပ်သိမ်းပေးမချင်း ကင်းလွတ်ခွင့် ရနေကြတာ ဖြစ်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားပြုမူတာတွေနဲ့ အနိုင်ကျင့်မှုတွေအပေါ် လုံး၀ သည်းခံမှာမဟုတ်ဘူးလို့ အတွင်းရေးမှူးချုပ်က ပြောထားတာဟာ သူ့အနေနဲ့ နည်းနည်းပဲ သည်းခံမယ်၊ နည်းနည်း ပိုပြီး သည်းခံမယ်လို့ ဆိုလိုတာ မဟုတ်ကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။

အဲဒီ အဖွဲ့ထဲမှာ တောင်အာဖရိက သမ္မတကတော်ဟောင်း Graca Machel (ဂရာရှာ မာခဲလ်) နဲ့ ၁၉၉၄ ခုနှစ်တုန်းက ရဝမ်ဒါနိုင်ငံမှာ လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုကို ကမ္ဘာကသိအောင် လုပ်ဆောင်ပေးခဲ့တဲ့ ကနေဒါနိုင်ငံက ဒုတိယ ဗိုလ်ချုပ်ကြီး Romeo Dallaire တို့လည်း ပါဝင်ပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး Romeo Dallaire ဟာ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့်ခံရမှုတွေ ထွက်ပေါ်နေတဲ့အတွက် Code Blue လို့ခေါ်တဲ့ Campaign တခုကို ဦးဆောင် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

XS
SM
MD
LG