သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလငြိမ်းချမ်းရေးထိမ်းဝင်တချို့ ဆီးရီးယားကလွတ်မြောက်


ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွေကို ဆီးရီးယားက ကယ်ထုတ်ဖို့ ကြိုးစားစဉ်။ (မတ်လ ၈ ရက်၊ ၂၀၁၃)။
ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့တွေကို ဆီးရီးယားက ကယ်ထုတ်ဖို့ ကြိုးစားစဉ်။ (မတ်လ ၈ ရက်၊ ၂၀၁၃)။
ဂိုလန်ကုန်းမြင့်ဒေသမှာ ဆီးရီးယားသူပုန်တွေ ဖမ်းဆီးထားတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ ၂၁ ဦးလုံး စနေနေ့က လွတ်မြောက်သွားပြီဖြစ်ပြီး ဂျော်ဒန်အာဏာပိုင်တွေ လက်ထဲကို လွှဲပြောင်းပေးလိုက်ပြီလို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့က ခန့်အပ်ပေးထားသူ ဖိလစ်ပိုင် နိုင်ငံသားတွေဖြစ်တဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့ဝင်တွေဟာ ဂျော်ဒန်နိုင်ငံထဲ ရောက်သွားပြီဖြစ်ကြောင်းကို ဆီးရီးယားနိုင်ငံ ဆိုင်ရာ ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် Lakhdar Brahimi ရဲ့ ဒမတ်စကက်မြို့တော်က ကိုယ်စားလှယ် Mokhtar Lamani က အတည်ပြုသွားပါတယ်။

သူပုန်တွေက ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေကို ဗုဒ္ဓဟူးနေ့ကတည်းက ဖမ်းဆီးထားတာပါ။ အခု သူတို့လွတ်မြောက်လာတဲ့သတင်းကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုပြီးတော့ သူတို့ရဲ့ လုံခြုံရေး လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့ကို အဖွဲ့အသီးသီးက အလေးထားကြဖို့ တိုက်တွန်းသွားပါတယ်။
XS
SM
MD
LG