သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ukraine အရေး ခေါင်းအေးအေးထား ရှင်းဖို့ ကုလတိုက်တွန်း


ယူကရိန်းအပြင်ဘက် နယ်စပ်မှာ စောင့်ကြပ်နေတဲ့ ရုရှားစစ်သည်များ။
ယူကရိန်းအပြင်ဘက် နယ်စပ်မှာ စောင့်ကြပ်နေတဲ့ ရုရှားစစ်သည်များ။
အခုအချိန်ဟာ ယူကရိန်းမှာ ခေါင်းအေးအေးထားပြီး လုပ်ဆောင်ရမယ့်အချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ခရိုင်းမီးယားဒေသဆီ တပ်ဖွဲ့တွေစေလွှတ်ဖို့ ရုရှားသမ္မတ ဗလာတီမီယာပူတင်ရဲ့အဆိုပြုချက်ကို လွှတ်တော်က အတည်ပြုပေးခဲ့တာနဲ့အမျှ အခုလို ပြောလိုက်တာပါ။

ရုရှားနိုင်ငံသားတွေကို ကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရုရှားတပ်ဖွဲ့ဝင် ၁၅,၀၀၀ ခရိုင်းမီးယားဒေသမှာရောက်နေပြီလို့ ယူကရိန်းသံအမတ်ကြီး ယူရီ ဆာဂီယက်ဗ်က လုံခြုံရေးကောင်စီကို စနေနေ့မှာ ပြောခဲ့ပါတယ်။ ယူကရိန်းကို ဆန့်ကျင်ရန်လိုတဲ့လုပ်ရပ်လို့ သူကခေါ်ဆိုတဲ့လုပ်ရပ်ကို ဖြစ်နိုင်သမျှနည်းလမ်းနဲ့တားဆီးပေးဖို့ ယူကရိန်းက ကုလသမဂ္ဂကိုတောင်းဆိုပါတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ယူကရိန်းမှာ တင်းမာမှုတိုးလာအောင်လုပ်ပြီးတော့ သမ္မတယန်နိုကိုဗစ်ချ်ကို ဖြုတ်ချခဲ့တယ်ဆိုပြီး ရုရှားသံအမတ်ကြီး ဗိုက်တာလီချဲတ်ကင်က အနောက်နိုင်ငံတွေကို ပြစ်တင်ပြောဆိုပါတယ်။ ညွန့်ပေါင်းအစိုးရသစ်ဖွဲ့စည်းဖို့ အတိုက်အခံတွေနဲ့ မစ္စတာယန်နိုကိုဗစ်ချ်တို့အကြား ရခဲ့တဲ့ ပြီးခဲ့တဲ့လက သဘောတူညီချက်ကို ဘာ့ကြောင့် အကောင်အထည်မဖော်ခဲ့တာလည်းဆိုတာ ရုရှားကသိချင်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

အဲဒီသဘောတူညီချက်ဆီ ယူကရိန်းနိုင်ငံပြန်သွားပြီး သဘောထားတင်းမာသူတွေလို့ သူခေါ်ဆိုသူတွေကို ဘေးဖယ်ပစ်ရမယ်လို့ ရုရှားသံအမတ်ကြီးက ပြောပါတယ်။
XS
SM
MD
LG