သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒက်ရှ် ရွေးကောက်ပွဲ အကြမ်းဖက်မှုကင်းဖို့ ကုလ တိုက်တွန်း


လာမယ့်တနင်္ဂနွေရွေးကောက်ပွဲမှာ တတိယသက်တမ်းမျှော်လင့်တဲ့ ဘင်္ဂလားဒက်ရှ်ဝန်ကြီးချုပ် Sheikh Hasina
လာမယ့်တနင်္ဂနွေရွေးကောက်ပွဲမှာ တတိယသက်တမ်းမျှော်လင့်တဲ့ ဘင်္ဂလားဒက်ရှ်ဝန်ကြီးချုပ် Sheikh Hasina

အခု လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရွေးကောက်ပွဲဟာ အကြမ်းဖက်မှု ကင်းစင်ပြီး စွက်ဖက်မှု မရှိတဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ မှန်ကန်ဖြောင့်မတ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုလားကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကြာသပတေးနေ့တုန်းက ပြောဆိုလိုက်ပါတယ်။

သီတင်းပတ်ပေါင်းများစွာ နိုင်ငံတဝှမ်းအကြမ်းဖက်မှုတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပြီးနောက်ပိုင်း သောကြာနေ့ မှာတော့ မဲဆွယ်စည်းရုံးရေးကာလ ပြီးဆုံးသွားခဲ့ပါပြီ။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ဦးဆောင်တဲ့ Awami League Party က တတိယမြောက်သက်တမ်း ထပ်ရဖို့ မျှော်လင့်နေပါတယ်။

အဓိက အတိုက်အခံပါတီ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကို ဦးဆောင်တဲ့ Sheik Hasina ရဲ့ အဓိက ပြိုင်ဖက်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Khaleda Zia ကတော့ အကျင့်ပျက်ချစားမှုစွပ်စွဲချက်နဲ့ ထောင်ကျခံနေရ ပါတယ်။ သူဒီလို ထောင်အကျခံနေရတာက နိုင်ငံရေးပယောဂမကင်းဘူးဆိုပြီး ဝန်ကြီးချုပ်ဟောင်း Zia က ဝေဖန်ထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ ရွေးကောက်ပွဲရလာဒ်ကို BNP ပါတီက ဆန့်ကျင်ခဲ့တာပါ။

ဒီပါတီ၂ရပ်ရဲ့ မဲဆွယ်စည်းရုံးမှုတွေအတွင်း သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ်ဆိုပြီး သတင်း မီဒီယာတွေက ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့လဆန်းပိုင်းကတည်းက အခုချိန်ထိ အတိုက်အခံ ခေါင်းဆောင် ၈ ထောင်ကျော် အဖမ်းခံရပြီးပြီလို့ BNP ပါတီက ပြောပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေမှာ ပါတီ၂ ရပ်လုံးရဲ့ တာဝန်ရှိတဲ့ အကြောင်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကတော့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG