သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှပစိဖိတ် အငတ်ဘေးအန္တရာယ် ကုလသတိပေး


ရေဘေးကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်နေ(ဓါတ်ပုံ FAO/ Bui Thi Lan)
ရေဘေးကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်နေ(ဓါတ်ပုံ FAO/ Bui Thi Lan)

အာရှနဲ့ ပစိဖိတ်ဒေသက နေရာအများအပြားမှာ အာဟာရချို့တဲ့မှုနဲ့ ငတ်မွတ်ခေါင်းပါးမှု အခြေ အနေဟာ သိပ်ကို ဆိုးရွားနေတယ် လို့ ကုလသမဂ္ဂအဖွဲ့အစည်း လေးဖွဲ့က သတိပေးလိုက်ပါတယ်။

စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO ၊ ကလေးသူငယ်များဆိုင်ရာ ကုလသမဂ္ဂ ရန်ပုံငွေအဖွဲ့ UNICEF ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ ပထမဆုံးအကြိမ် ပူးတွဲ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အဲဒီလိုဖော်ပြထားတာပါ။

အာရှနဲ့ပစိဖိတ်ဒေသမှာ ဥတုရာသီနဲ့ဆက်စပ်တဲ့ သဘာဝဘေးတွေ တိုးလာနေပြီး အဲဒါက စိုက်ပျိုးရေးအပေါ် ဆိုးဆိုးရွားရွား သက်ရောက်နေတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အာရှဒေသမှာ ဥတုရာသီနဲ့ဆက်စပ်တဲ့ ဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၄၈ ဘီလီယံရှိပါတယ်။

လက်ရှိအချိန်ထိဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ အဟာရချို့တဲ့မှု ပုံသဏ္ဌာန်မျိုးစုံ ပပျောက်သွားဖို့နဲ့ ငတ်မွတ်ခေါင်းပါးမှု လုံးဝမရှိတော့ဖို့ ရည်ရွယ်ထားတဲ့ ကုလသမဂ္ဂရဲ့ ရေရှည်ခိုင်မာတဲ့ ရည်မှန်းချက်ကို အာရှနဲ့ပစိဖိတ်ဒေသ နေရာအများအပြား ပြည့်မီတော့မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂအဖွဲ့တွေကပြောပါတယ်။

ဒီအခြေအနေကို အကြီးအကျယ် အားထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတာမျိုး မလုပ်ဘူးဆိုရင် ဒေသတွင်း စီးပွားရေးနဲ့ သာယာဝပြော ရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ဆိုးရွားတဲ့အန္တရာယ်ရှိလာမယ်လို့လည်း သတိပေးထားပါတယ်။

ကမ္ဘာတဝန်းမှာ လူပေါင်း ၈၂၁ သန်းဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေကြရပြီး အထူးသဖြင့် အဆိုးရွားဆုံး ခံစားနေကြရ တာက ကလေးငယ်တွေဖြစ်တယ်လို့ ဒီ ကုလသမဂ္ဂအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG