သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးမှတ်တမ်း ပေါက်ကြားမှု အမေရိကန်စုံစမ်း


အစ္စရေးက အီရန်ကို တိုက်ခိုက်မယ့်အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်မှတ်တမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ပေါက်ကြားခဲ့တဲ့အပေါ် အမေရိကန်က စုံစမ်းစစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အမေရိကန်ရဲ့ ပထဝီအာကာသထောက်လှမ်းရေး အေဂျင်စီနဲ့ အမျိုးသားလုံခြုံရေးဌာနကို ကိုးကားထားတဲ့ ဆန်းစစ်ချက်ဟာ အစစ်ဖြစ်ပုံရတယ်လို့လည်း တာဝန်ရှိသူတယောက်ကို ကိုးကားဖော်ပြခဲ့တာပါ။ မှတ်တမ်းမှာတော့ အီရန်က အောက်တိုဘာ ၁ ရက်နေ့က အစ္စရေးကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်တာကို တုံ့ပြန်ဖို့အတွက် အစ္စရေးက စစ်ရေးအရ ပြင်ဆင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ မှတ်တမ်းကိုတော့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဩစတြေးလျ ထောက်လှမ်းရေးဌာနတွေကြား သတင်းဖလှယ်ဖို့ ခွင့်ပြုထားတာပါ။

ထိပ်တန်းလျှို့ဝှက်မှတ်တမ်းအဖြစ် သတ်မှတ်ထားတဲ့ အဲဒီမှတ်တမ်းတွေကို တယ်လီဂရမ်ပေါ်မှာ တင်လိုက်တာဖြစ်ပြီး ဒါနဲ့ပတ်သက်ပြီး CNN နဲ့ Axios သတင်းဌာနတွေက အရင်ဆုံး သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီမှတ်တမ်းတွေကို ဘယ်လို ရရှိခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပြီး၊ ဒီမှတ်တမ်းတွေ ဖောက်ချလိုက်တာလား ဒါမှမဟုတ် ခိုးယူသွားတာလားဆိုတာ အခုချိန်ထိ မသိရသေးဘူးလို့ ပြောပါတယ်။

အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ကတော့ သူတို့အနေနဲ့ သောကြာနေ့က လျှိုဝှက်မှတ်တမ်းတွေ ပေါက်ကြားခဲ့တာနဲ့ ပတ်သက်ပြီး သိတယ်လို့ ပြောပေမယ့် အသေးစိတ် တုံ့ပြန်ပြောဆိုခြင်း မရှိသလို အစ္စရေးဘက်ကလည်း တစုံတရာ ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

Forum

XS
SM
MD
LG