သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှိပ်စက်ခံ အရွယ်မရောက်သေးတဲ့ အိမ်ဖော်မိန်းကလေးငယ်ရဲ့ ကံကြမ္မာ


CEDAW အမျိုးသမီးတွေပေါ်မှာ အကြမ်းဖက်မှုအလုံးစုံ ပပျောက်ဖို့အတွက် အဖွဲ့ဝင်ထားတဲ့ မြန်မာနိုင်ငံမှာ နှိပ်စက်အကြမ်းဖက်ခံနေကြရတဲ့ အမျိုးသမီးတွေအပေါ် အာဏာပိုင်တွေဘက်က အကာအကွယ်ပေးနိုင်တဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ အသက် ၁၅ နှစ်အရွယ် မအေးယုအောင်ဆိုတဲ့ မိန်းကလေးငယ်လေးဟာ ပြီးခဲ့တဲ့လက အိမ်ရှင်အမျိုးသမီးရဲ့ မီးပူနဲ့ကပ်တာ ခံရလို့ ဒဏ်ရာတွေ ရခဲ့ပြီးတော့ မိခင်ဖြစ်သူက ပြန်ခေါ်ဖို့ ကြိုးစားပေမဲ့လည်း အခုထက်ထိ သမီး ဘယ်မှာရှိနေတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။ သတင်းမီဒီယာတွေမှာ ဒီအကြောင်းကို ဖော်ပြခဲ့ပေမဲ့လည်း အာဏာပိုင်တွေဘက်ကနေ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးတာမျိုးလည်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အခုသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။

XS
SM
MD
LG