သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကပ္ေဘးနဲ႔ ႏိုင္ငံေရးေၾကာင့္ ျမန္မာ့စီးပြားေရးလုပ္ငန္းမ်ား ထိခိုက္သက္ေရာက္


ျမန္မာ့ေန႔စဥ္လူမႈဘဝ။


{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါေဘးနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈ အက်ပ္အတည္းေတြရဲ႕ ေပါင္းစပ္မႈေၾကာင့္ ၿမိဳ႕ျပလူဦးေရရဲ႕ ဆင္းရဲမြဲေတမႈ အေရအတြက္ဟာ ၃ ဆ ေလာက္ တိုးလာမယ္လို႔ ကုလသမဂၢ ဖြံ႔ၿဖိဳးတိုးတက္မႈအစီအစဥ္ UNDP ရဲ႕ စစ္တမ္းက ေဖာ္ျပထားပါတယ္။ ေရာဂါကပ္ေဘးအျပင္ ႏိုင္ငံေရးအက်ပ္အတည္းၾကား ရင္ဆိုင္ျဖတ္သန္းေနရတဲ့ ျမန္မာႏိုင္ငံတြင္း စီးပြားေရးလုပ္ငန္းေတြရဲ႕ အေျခအေနကေရာ ဘယ္လိုရွိေနပါသလဲ။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

လာမယ့္ ၂၀၂၂ ခုႏွစ္ အေစာပိုင္းမွာ ျမန္မာႏိုင္ငံရဲ႕ လူဦးေရထက္ဝက္ခန႔္ဟာ ဆင္းရဲႏြမ္းပါးမႈအေျခအေနကို ရင္ဆိုင္ရမွာျဖစ္တယ္လို႔ UNDP ရဲ႕ စစ္တမ္းမွာ ပါရွိပါတယ္။ သူတို႔ရဲ႕စစ္တမ္းအရဆို ၿမိဳ႕ျပအိမ္ေထာင္စုရဲ႕ သုံးပုံတပုံခန႔္က စုေဆာင္းေငြမရွိၾကေတာ့သလို ၿမိဳ႕ျပအိမ္ေထာင္စုရဲ႕ ၂၇ ရာခိုင္ႏႈန္းေလာက္က သူတို႔အသုံးျပဳေနတဲ့ ေမာ္ေတာ္ဆိုင္ကယ္ကိုပါ ေရာင္းလိုက္ရၿပီလို႔ ေဖာ္ျပထားပါတယ္။ UNDP ရဲ႕ အာရွနဲ႔ ပစိဖိတ္ေဒသဆိုင္ရာ ၫႊန္ၾကားေရးမႉး Kanni Wignaraja က ျပည္တြင္းတိုက္ပြဲေတြေၾကာင့္သာမက ဝဝလင္လင္မစားရတာ၊ အာဟာရခ်ိဳ႕တဲ့တာ၊ ဆင္းရဲလြန္းတာေတြကေန ျဖစ္လာမယ့္ ခ်ိဳ႕ယြင္းမႈေတြနဲ႔ မသန္စြမ္းမႈေတြေၾကာင့္ မ်ိဳးဆက္တခုလုံးကို ဆုံးရႈံးရလိမ့္မယ္လို႔ သတိေပးထားပါတယ္။

ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္း၊ ခရီးသြားလုပ္ငန္းနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြ အပါအဝင္ အေသးစားနဲ႔ အလတ္စားလုပ္ငန္းေတြလည္း ထိခိုက္မႈေတြရွိေနတယ္လို႔ UNDP စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ ခရီးသြားရာသီ ျပန္စၿပီဆိုေပမယ့္ အခက္အခဲေတြၾကား နာလန္ထဖို႔ ႐ုန္းကန္ေနရတဲ့ ခရီးသြားလုပ္ငန္းေတြဟာ အခုခ်ိန္ထိ ခက္ခဲေနတုန္းပဲလို႔ ျပည္တြင္းခရီးသြားလုပ္ငန္းရွင္တဦးက ေျပာပါတယ္။

"ခရီးသြားလုပ္ငန္းကို မွီခိုေနတဲ့ ေဒသခံေတြ အမ်ားႀကီးရွိတယ္။ အကုန္လုံးကေတာ့ အခုခ်ိန္မွာ ခရီးသြားလုပ္ငန္းနဲ႔ ပတ္သက္ၿပီးေတာ့ income ဆိုတာ မရွိသေလာက္ပဲေပါ့ေနာ္။ ဆိုေတာ့ ဒီလိုပဲ ႀကဳံတာေလးေတြ လုပ္ၿပီးေတာ့ ေခြၽတာစားၿပီးေတာ့ ရပ္တည္ေနရတာေပါ့။ က်ေနာ္တို႔ဆိုလည္း ရွိတာေလးေရာင္းၿပီး သုံးခဲ့တာၾကာၿပီ ဆိုေတာ့ ဆက္ေတာင့္ခံႏိုင္ဖို႔က ေတာ္ေတာ္ခက္ခဲသြားၿပီ။ အခုဆိုရင္ ပြင့္ပြင့္လင္းလင္းေျပာရရင္ ခရီးသြားရာသီ စတယ္ေပါ့ေနာ္။ က်ေနာ္တို႔က ပုံမွန္ဆိုရင္ ေအာက္တိုဘာကစၿပီးေတာ့ ေမလကုန္အထိေပါ့ေနာ္၊ ဒီလိုမ်ိဳးသြားတာ။ ေမလအကုန္ဆိုရင္ မိုးတြင္းဆိုေတာ့ ခရီးသြားေတြအကုန္ျပန္ရင္ ရပ္ရၿပီ။ မတည္ၿငိမ္ဘူးဆိုတာေတာ့ သိတာေပါ့ေနာ္၊ ပြင့္လင့္ရာသီေလးမွာ ကိုယ့္လုပ္ငန္းေလးေတြ ဟိုတယ္တို႔ ... စသျဖင့္ေပါ့ေနာ္၊ နည္းနည္းေလးျပန္ၿပီးေတာ့ လာတည္းတဲ့ဧည့္သည္ေတြကို လက္ခံၿပီးေတာ့ ျပန္ၿပီးေတာ့ အသက္ရွင္ေအာင္ လုပ္ေနရတယ္ေပါ့။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒီကာလမွာ က်ေနာ္တို႔က အသက္ရွင္ေအာင္လုပ္ေနရတဲ့ ကာလလို႔ေတာင္ ေျပာလို႔ရတာေပါ့ေနာ္။ အျမတ္အစြန္းေတြ ထည့္တြက္လို႔မရဘူး၊ အဲလိုျဖစ္ေနတာ။"

ကပ္ေရာဂါနဲ႔ စစ္အာဏာမသိမ္းခင္ကတည္းက အဆင္းရဲဆုံးေဒသေတြျဖစ္တဲ့ ခ်င္းနဲ႔ ရခိုင္လိုေဒသေတြမွာေတာ့ ရွိရင္းစြဲအေနအထားအတိုင္း ရွိေနဦးမွာျဖစ္ၿပီးေတာ့ ရန္ကုန္နဲ႔ မႏၲေလးလို ၿမိဳ႕ျပေနရာေတြမွာပါ ဆင္းရဲ႐ုံမက ဒီထက္ဆိုးတဲ့အေျခအေနေအာက္ကို ေရာက္သြားမွာျဖစ္တယ္လို႔လည္း UNDP စစ္တမ္းမွာ ပါရွိပါတယ္။ ျပည္တြင္းက လုပ္ငန္းေတြအေပၚ မွီခိုေနၾကတဲ့ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားက ကိုဗစ္ကပ္ေဘးအျပင္ စစ္အာဏာသိမ္းၿပီးေနာက္ ေျပာင္းလဲသြားတဲ့ အေျခအေနေတြေၾကာင့္ အလုပ္လက္မဲ့ျဖစ္လာသူ အေရအတြက္ကလည္း မ်ားလာေနပါတယ္။ စားေသာက္ဆိုင္လုပ္ငန္းေတြကေတာ့ တျခားလုပ္ငန္းေတြထက္စာရင္ နာလန္ျပန္ထႏိုင္တဲ့ကာလ ျမန္ေပမယ့္ ခရီးသြားဧည့္သည္ေမွ်ာ္ရတဲ့ ေဒသမွာရွိတဲ့ စားေသာက္ဆိုင္ေတြကေတာ့ အခုခ်ိန္ထိ ခက္ခဲေနတုန္းပါ။ ရန္ကုန္မွာရွိတဲ့ စားေသာက္ဆိုင္လုပ္ငန္းေတြကေတာ့ အခုခ်ိန္မွာ ေဒသခံေတြအေပၚ အမွီျပဳၿပီး အဆင္ေျပစအေျခအေနမွာ ရွိလာၿပီလို႔ စားေသာက္ဆိုင္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးေနလင္းက ေျပာပါတယ္။

"ဆိုင္ေတာ္ေတာ္မ်ားမ်ားကေတာ့ ျပန္ဖြင့္ေနၾကၿပီ ဆိုေပမယ့္ ေရာင္းအားကေတာ့ အရင္ေရာင္းအားကို ထက္ဝက္ေတာင္မွ မမီတဲ့အခ်ိန္မွာ ဝန္ထမ္းကိုလည္း အမ်ားႀကီးေလွ်ာ့ထားရတယ္ေပါ့။ အဲဒီေတာ့ မျဖစ္မေန ဆိုင္မွာထားတဲ့လူေတြကိုပဲ ျပန္ၿပီးေတာ့သုံးေနရတယ္။ အသစ္ေခၚဖို႔ ေနာက္ၿပီးေတာ့ နယ္ျပန္သြားတဲ့ ဝန္ထမ္းေဟာင္းေတြကို ျပန္ေခၚဖို႔ဆိုတာ အဆင္မေျပၾကေသးဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေရာင္းအားလည္း အရင္ကေလာက္မေကာင္းေသးတဲ့အတြက္ေပါ့။ ေျပာရမယ္ဆိုရင္ ဝန္ထမ္းဦးေရရဲ႕ ထက္ဝက္ေလာက္က ေလာေလာဆယ္မွာေတာ့ အလုပ္အကိုင္မဲ့ေနတဲ့ အေျခအေနမွာ ရွိေနတာေပါ့ေနာ္။ ဒီအတိုင္းသာ ဆက္ၿပီးေတာ့ သြားေနဦးမယ္၊ ဒီ Third wave က ၿပီးကာရွိေသးတယ္၊ ေနာက္ထပ္တခါ Fourth wave တကယ္လို႔သာ လာခဲ့တယ္ဆိုရင္ေတာ့ ဆိုင္ေတြျပန္ပိတ္ရမယ္။ ဒီလိုမ်ိဳး အေျခအေနပိုၿပီးေတာ့ ဆိုးဦးမွာေပါ့။ ေလာေလာဆယ္မွာေတာ့ ဒီဝန္ထမ္းဦးေရက ေတာ္ေတာ္ေလးကို ေလ်ာ့ေနတဲ့အတြက္ အလုပ္အကိုင္မဲ့ေတြေတာ့ ေတာ္ေတာ္ေလးေတာ့ မ်ားလာတာေပါ့ေလ။ ဒီထက္ပိုၿပီးေတာ့ အေျခအေနဆိုးလာမွာကိုလည္း က်ေနာ္တို႔အားလုံး စိုးရိမ္ေနပါတယ္။"

အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႔ ILO ရဲ႕ ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းက ထုတ္ျပန္ခ်က္ထဲမွာလည္း ျမန္မာႏိုင္ငံမွာ ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ အလုပ္လက္မဲ့ႏႈန္း မ်ားလာမွာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ပထမႏွစ္ဝက္အတြင္းမွာတင္ အလုပ္အကိုင္ေပါင္း ၂.၂ သန္းေလာက္ ဆုံးရႈံးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ဆင္းရဲႏြမ္းပါးႏႈန္း ျမင့္တက္လာတာက တိုင္းျပည္တခုလုံး ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ျပင္းထန္တဲ့သက္ေရာက္မႈေတြ ျဖစ္ေပၚေစႏိုင္တယ္လို႔လည္း UNDP ရဲ႕ အစီရင္ခံစာမွာ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

{{Unicode}}

ကပ်ဘေးနဲ့ နိုင်ငံရေးကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းများ ထိခိုက်သက်ရောက်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဘေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှု အကျပ်အတည်းတွေရဲ့ ပေါင်းစပ်မှုကြောင့် မြို့ပြလူဦးရေရဲ့ ဆင်းရဲမွဲတေမှု အရေအတွက်ဟာ ၃ ဆ လောက် တိုးလာမယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် UNDP ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ ရောဂါကပ်ဘေးအပြင် နိုင်ငံရေးအကျပ်အတည်းကြား ရင်ဆိုင်ဖြတ်သန်းနေရတဲ့ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

လာမယ့် ၂၀၂၂ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ခန့်ဟာ ဆင်းရဲနွမ်းပါးမှုအခြေအနေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ UNDP ရဲ့ စစ်တမ်းမှာ ပါရှိပါတယ်။ သူတို့ရဲ့စစ်တမ်းအရဆို မြို့ပြအိမ်ထောင်စုရဲ့ သုံးပုံတပုံခန့်က စုဆောင်းငွေမရှိကြတော့သလို မြို့ပြအိမ်ထောင်စုရဲ့ ၂၇ ရာခိုင်နှုန်းလောက်က သူတို့အသုံးပြုနေတဲ့ မော်တော်ဆိုင်ကယ်ကိုပါ ရောင်းလိုက်ရပြီလို့ ဖော်ပြထားပါတယ်။ UNDP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja က ပြည်တွင်းတိုက်ပွဲတွေကြောင့်သာမက ဝဝလင်လင်မစားရတာ၊ အာဟာရချို့တဲ့တာ၊ ဆင်းရဲလွန်းတာတွေကနေ ဖြစ်လာမယ့် ချို့ယွင်းမှုတွေနဲ့ မသန်စွမ်းမှုတွေကြောင့် မျိုးဆက်တခုလုံးကို ဆုံးရှုံးရလိမ့်မယ်လို့ သတိပေးထားပါတယ်။

ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အပါအဝင် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေလည်း ထိခိုက်မှုတွေရှိနေတယ်လို့ UNDP စစ်တမ်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ခရီးသွားရာသီ ပြန်စပြီဆိုပေမယ့် အခက်အခဲတွေကြား နာလန်ထဖို့ ရုန်းကန်နေရတဲ့ ခရီးသွားလုပ်ငန်းတွေဟာ အခုချိန်ထိ ခက်ခဲနေတုန်းပဲလို့ ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"ခရီးသွားလုပ်ငန်းကို မှီခိုနေတဲ့ ဒေသခံတွေ အများကြီးရှိတယ်။ အကုန်လုံးကတော့ အခုချိန်မှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ income ဆိုတာ မရှိသလောက်ပဲပေါ့နော်။ ဆိုတော့ ဒီလိုပဲ ကြုံတာလေးတွေ လုပ်ပြီးတော့ ချွေတာစားပြီးတော့ ရပ်တည်နေရတာပေါ့။ ကျနော်တို့ဆိုလည်း ရှိတာလေးရောင်းပြီး သုံးခဲ့တာကြာပြီ ဆိုတော့ ဆက်တောင့်ခံနိုင်ဖို့က တော်တော်ခက်ခဲသွားပြီ။ အခုဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ခရီးသွားရာသီ စတယ်ပေါ့နော်။ ကျနော်တို့က ပုံမှန်ဆိုရင် အောက်တိုဘာကစပြီးတော့ မေလကုန်အထိပေါ့နော်၊ ဒီလိုမျိုးသွားတာ။ မေလအကုန်ဆိုရင် မိုးတွင်းဆိုတော့ ခရီးသွားတွေအကုန်ပြန်ရင် ရပ်ရပြီ။ မတည်ငြိမ်ဘူးဆိုတာတော့ သိတာပေါ့နော်၊ ပွင့်လင့်ရာသီလေးမှာ ကိုယ့်လုပ်ငန်းလေးတွေ ဟိုတယ်တို့ ... စသဖြင့်ပေါ့နော်၊ နည်းနည်းလေးပြန်ပြီးတော့ လာတည်းတဲ့ဧည့်သည်တွေကို လက်ခံပြီးတော့ ပြန်ပြီးတော့ အသက်ရှင်အောင် လုပ်နေရတယ်ပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကာလမှာ ကျနော်တို့က အသက်ရှင်အောင်လုပ်နေရတဲ့ ကာလလို့တောင် ပြောလို့ရတာပေါ့နော်။ အမြတ်အစွန်းတွေ ထည့်တွက်လို့မရဘူး၊ အဲလိုဖြစ်နေတာ။"

ကပ်ရောဂါနဲ့ စစ်အာဏာမသိမ်းခင်ကတည်းက အဆင်းရဲဆုံးဒေသတွေဖြစ်တဲ့ ချင်းနဲ့ ရခိုင်လိုဒေသတွေမှာတော့ ရှိရင်းစွဲအနေအထားအတိုင်း ရှိနေဦးမှာဖြစ်ပြီးတော့ ရန်ကုန်နဲ့ မန္တလေးလို မြို့ပြနေရာတွေမှာပါ ဆင်းရဲရုံမက ဒီထက်ဆိုးတဲ့အခြေအနေအောက်ကို ရောက်သွားမှာဖြစ်တယ်လို့လည်း UNDP စစ်တမ်းမှာ ပါရှိပါတယ်။ ပြည်တွင်းက လုပ်ငန်းတွေအပေါ် မှီခိုနေကြတဲ့ ဝန်ထမ်းတော်တော်များများက ကိုဗစ်ကပ်ဘေးအပြင် စစ်အာဏာသိမ်းပြီးနောက် ပြောင်းလဲသွားတဲ့ အခြေအနေတွေကြောင့် အလုပ်လက်မဲ့ဖြစ်လာသူ အရေအတွက်ကလည်း များလာနေပါတယ်။ စားသောက်ဆိုင်လုပ်ငန်းတွေကတော့ တခြားလုပ်ငန်းတွေထက်စာရင် နာလန်ပြန်ထနိုင်တဲ့ကာလ မြန်ပေမယ့် ခရီးသွားဧည့်သည်မျှော်ရတဲ့ ဒေသမှာရှိတဲ့ စားသောက်ဆိုင်တွေကတော့ အခုချိန်ထိ ခက်ခဲနေတုန်းပါ။ ရန်ကုန်မှာရှိတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကတော့ အခုချိန်မှာ ဒေသခံတွေအပေါ် အမှီပြုပြီး အဆင်ပြေစအခြေအနေမှာ ရှိလာပြီလို့ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။

"ဆိုင်တော်တော်များများကတော့ ပြန်ဖွင့်နေကြပြီ ဆိုပေမယ့် ရောင်းအားကတော့ အရင်ရောင်းအားကို ထက်ဝက်တောင်မှ မမီတဲ့အချိန်မှာ ဝန်ထမ်းကိုလည်း အများကြီးလျှော့ထားရတယ်ပေါ့။ အဲဒီတော့ မဖြစ်မနေ ဆိုင်မှာထားတဲ့လူတွေကိုပဲ ပြန်ပြီးတော့သုံးနေရတယ်။ အသစ်ခေါ်ဖို့ နောက်ပြီးတော့ နယ်ပြန်သွားတဲ့ ဝန်ထမ်းဟောင်းတွေကို ပြန်ခေါ်ဖို့ဆိုတာ အဆင်မပြေကြသေးဘူး။ ဘာကြောင့်လဲဆိုတော့ ရောင်းအားလည်း အရင်ကလောက်မကောင်းသေးတဲ့အတွက်ပေါ့။ ပြောရမယ်ဆိုရင် ဝန်ထမ်းဦးရေရဲ့ ထက်ဝက်လောက်က လောလောဆယ်မှာတော့ အလုပ်အကိုင်မဲ့နေတဲ့ အခြေအနေမှာ ရှိနေတာပေါ့နော်။ ဒီအတိုင်းသာ ဆက်ပြီးတော့ သွားနေဦးမယ်၊ ဒီ Third wave က ပြီးကာရှိသေးတယ်၊ နောက်ထပ်တခါ Fourth wave တကယ်လို့သာ လာခဲ့တယ်ဆိုရင်တော့ ဆိုင်တွေပြန်ပိတ်ရမယ်။ ဒီလိုမျိုး အခြေအနေပိုပြီးတော့ ဆိုးဦးမှာပေါ့။ လောလောဆယ်မှာတော့ ဒီဝန်ထမ်းဦးရေက တော်တော်လေးကို လျော့နေတဲ့အတွက် အလုပ်အကိုင်မဲ့တွေတော့ တော်တော်လေးတော့ များလာတာပေါ့လေ။ ဒီထက်ပိုပြီးတော့ အခြေအနေဆိုးလာမှာကိုလည်း ကျနော်တို့အားလုံး စိုးရိမ်နေပါတယ်။"

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံမှာ ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အလုပ်လက်မဲ့နှုန်း များလာမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာတင် အလုပ်အကိုင်ပေါင်း ၂.၂ သန်းလောက် ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဆင်းရဲနွမ်းပါးနှုန်း မြင့်တက်လာတာက တိုင်းပြည်တခုလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်းထန်တဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့လည်း UNDP ရဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။


#MyanmarMilitaryCoup #MyanmarPandemic #MyanmarEconomy #VOABurmese
#UNDP#ကိုဗစ်ကပ်ဘေး#ဆင်းရဲမွဲတေမှု၃ဆတိုး#နိုင်ငံရေး

XS
SM
MD
LG