သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံအပါအ၀င် အာရှ-ပစိဖိတ်ဒေသ တိုင်းပြည်တွေက အစိုးရတွေ အနေနဲ့ အခွန်စနစ် ပြုပြင်ပြောင်းလဲဖို့၊ ၀င်ငွေမညီမျှမှု၊ အထူးသဖြင့် အလုပ် လက်မဲ့ လူငယ်တွေရဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ လိုအပ်ချက်တွေနဲ့အတူ စီးပွားရေးဖွံ့ဖြိုးမှုတွေဟာလည်း အားနည်းနေဆဲ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာ အသစ်က ဖော်ပြခဲ့ပါတယ်။

စီးပွားရေး အားကောင်းလာမယ်လို့ ခန့်မှန်းထားတဲ့ တချိန်တည်း မှာပဲ ငွေကြေးဖောင်းပွမှု တိုးမြင့်လာတဲ့ အနေအထားကိုလည်း ဒီအစီရင်ခံစာ က ထောက်ပြထားပါတယ်။

ကုလသမဂ္ဂလက်အောက်ခံ ESCAP လို ခေါ်တဲ့ အာရှနဲ့ ပစိတ်ဖိတ်ဒေသ ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုဌာနကထုတ်ပြန်တဲ့ အစီရင်ခံစာအကြောင်း ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ သုံးသပ် တင်ပြထားပါတယ်။

XS
SM
MD
LG