သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်လက်ထက် အာဖဂနစ္စတန်မှာ ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းဖို့ ယူနက်စကိုသတိပေး


FILE - Conservators work on pieces of statues damaged by the Taliban, in National Museum of Afghanistan in Kabul, Afghanistan October 13, 2019. picture taken October 13, 2019.REUTERS/Omar Sobhani
FILE - Conservators work on pieces of statues damaged by the Taliban, in National Museum of Afghanistan in Kabul, Afghanistan October 13, 2019. picture taken October 13, 2019.REUTERS/Omar Sobhani

အာဖဂနစ္စတန်နိုင်ငံမှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ကုလသမဂ္ဂ ယဉ်ကျေးမှုထိန်းသိမ်းရေးဌာန UNESCO က တိုက်တွန်းလိုက်ပြီး၊ အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမှုကြောင့် နောက်ဆက်တွဲ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်းလည်း သတိပေးလိုက်ပါတယ်။ အာဖဂနစ္စတန်နိုင်ငံဟာ တိုင်းပြည်သမိုင်းနဲ့ ကြန်အင်လက္ခဏာကို ထင်ဟပ်နေတဲ့ အမွေအနှစ်မျိုးစုံနဲ့ ကြွယ်ဝတဲ့ တိုင်းပြည်တခုဖြစ်သလို၊ လူ့သမိုင်းအတွက်လည်း အရေးကြီးတာကြောင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်ကြောင်း ကြာသပတေးနေ့က UNESCO ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

မကြာသေးခင်ကပဲ တာလီဘန်တွေ တိုင်းပြည်အာဏာထိန်းချုပ်လိုက်ပြီးနောက် ကဘူးမြို့တော်က အမျိုးသားပြတိုက်နဲ့ UNESCO က ကမ္ဘာ့အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ဒေသတွေက သမိုင်းဝင် ယဉ်ကျေးမှုတွေ ပျက်စီးဆုံးရှုံးမှာ ကျွမ်းကျင်သူတွေ စိုးရိမ်နေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ တုန်းကလည်း တာလီဘန်တွေက Bamiyan ဒေသမှာရှိတဲ့ တောင်နံရံမှာ ထွင်းထုထားတဲ့ ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီးတွေကို ဖျက်စီးခဲ့ဖူးပါတယ်။

တမင်သက်သက် ဖျက်ဆီးခဲ့တဲ့ ဒီလုပ်ရပ်ဟာ ယာဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်တွေကို ဖျက်ဆီးရာ ရောက်ရုံသာမက ဒေသခံလူမှုအသိုင်းအဝန်းကို ထိခိုက်စေတဲ့ လက်နက်တခု ဖြစ်ခဲ့ကြောင်းလည်း UNESCO ကပြောခဲ့ဖူးပါတယ်။ ဧရာမဗုဒ္ဓရုပ်ပွားတော်တွေကို တာလီဘန်တွေ ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ပုံတွေကို ကမ္ဘာတလွှား ပြသခဲ့ရာက ယဉ်ကျေးမှု အမွေအနှစ်တွေကို စောင့်ရှောက်ဖို့ အရေးကြီးတာကို သတိပြုမိလာခဲ့ကြတာပါ။ ၂၀၁၂ ခုနှစ်မှာတော့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးတာဟာ စစ်ရာဇဝတ်မှုအဖြစ်နဲ့လည်း နိုင်ငံတကာ အသိုင်းအဝန်းက သတ်မှတ်ခဲ့ကြပါတယ်။

-----------------------------





XS
SM
MD
LG