ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတာ ၅ လ ေက်ာ္လာခ်ိန္မွာ ျမန္မာႏိုင္ငံတလႊားၿမိဳ႕ႀကီးေတြမွာ ေပါက္ကြဲမႈေတြ တိုက္ခိုက္မႈေတြေၾကာင့္ ေန႔စဥ္လိုလို ေသဆံုးဒဏ္ရာရေနတာေတြ႕ေနရတဲ့ အတြက္ စိုးရိမ္ေနေၾကာင္းနဲ႔ က်ည္အစစ္သံုးပစ္ခတ္တာ၊ မိုင္းေထာင္တာေတြ အပါအဝင္ အၾကမ္းဖက္မႈေတြ ေရွာင္ၾကဥ္ၾကဖို႔ ကုလသမဂၢက ပန္ၾကားလိုက္ပါတယ္။
"ျမန္မာႏိုင္ငံမွာ အရပ္သားေတြ ေနထိုင္ရာ ေနရာေတြမွာ မိုင္းေထာင္တာနဲ႔ က်ည္အစစ္သံုး ပစ္ခတ္မႈ အပါအဝင္ မမွ်တတဲ့ အင္အားသံုး တိုက္ခိုက္တာကို လက္မခံႏိုင္ေၾကာင္းနဲ႔ အၾကမ္းဖက္မႈကို ဘက္အားလံုးက ေရွာင္ၾကဥ္ၾကဖို႔ ဌာေနကုလသမဂၢအဖြဲ႔ေတြက ေတာင္းဆိုေၾကာင္း" ကုလအတြင္းေရးမႈးခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရ Farhan Haq က တနလၤာေန႔ ကုလရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
အရပ္သား အစိုးရလက္ကေန စစ္တပ္က အာဏာသိမ္းတာ ၅ လေက်ာ္လာၿပီျဖစ္ၿပီး ႏိုင္ငံတလႊားမွာလည္း အၾကမ္းဖက္မႈေတြက ဆက္ၿပီး ျဖစ္ပြါးေနတာေၾကာင့္ ျမန္မာႏိုင္ငံတြင္းမွာ ရွိတဲ့ ဌာေနကုလအဖြဲ႔ေတြဟာ စိုးရိမ္ေနၾကေၾကာင္းလည္း ေျပာပါတယ္။
အထူးသျဖင့္ ၿမိဳ႕ႀကီးေတြမွာ ေပါက္ကြဲမႈေတြ ျဖစ္ပြါးေနသလို စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြၾကား တိုက္ပြဲေတြ ျဖစ္ပြါးေနေၾကာင္းနဲ႔ ေန႔စဥ္လိုလိုပဲ အရပ္သား ေသဆံုးမႈေတြ ဒဏ္ရာရမႈေတြပါ ေတြ႕ေနရတယ္လို႔ေျပာပါတယ္။
ဒါ့ေၾကာင့္ အဖြဲ႔အားလံုးက အၾကမ္းဖက္မႈကို ေရွာင္ၾကဥ္ဖို႔ အင္အားမမွ်တဲ့ တိုက္ခိုက္မႈေတြ မလုပ္ဖို႔ က်ည္အစစ္မသံုးဖို႔ မိုင္းမေထာင္ဖို႔ ေတာင္းဆိုလိုက္တာ ျဖစ္ပါတယ္။
--------------------------------------------------
အရပ်သားပေါ် မမျှတတဲ့ အင်အားသုံးတိုက်ခိုက်မှု လက်မခံနိုင် (ကုလ ပြောခွင့်ရ Farhan Haq )
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၅ လ ကျော်လာချိန်မှာ မြန်မာနိုင်ငံတလွှားမြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေ တိုက်ခိုက်မှုတွေကြောင့် နေ့စဉ်လိုလို သေဆုံးဒဏ်ရာရနေတာတွေ့နေရတဲ့ အတွက် စိုးရိမ်နေကြောင်းနဲ့ ကျည်အစစ်သုံးပစ်ခတ်တာ၊ မိုင်းထောင်တာတွေ အပါအဝင် အကြမ်းဖက်မှုတွေ ရှောင်ကြဉ်ကြဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။
"မြန်မာနိုင်ငံမှာ အရပ်သားတွေ နေထိုင်ရာ နေရာတွေမှာ မိုင်းထောင်တာနဲ့ ကျည်အစစ်သုံး ပစ်ခတ်မှု အပါအဝင် မမျှတတဲ့ အင်အားသုံး တိုက်ခိုက်တာကို လက်မခံနိုင်ကြောင်းနဲ့ အကြမ်းဖက်မှုကို ဘက်အားလုံးက ရှောင်ကြဉ်ကြဖို့ ဌာနေကုလသမဂ္ဂအဖွဲ့တွေက တောင်းဆိုကြောင်း" ကုလအတွင်းရေးမှုးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က တနင်္လာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အရပ်သား အစိုးရလက်ကနေ စစ်တပ်က အာဏာသိမ်းတာ ၅ လကျော်လာပြီဖြစ်ပြီး နိုင်ငံတလွှားမှာလည်း အကြမ်းဖက်မှုတွေက ဆက်ပြီး ဖြစ်ပွါးနေတာကြောင့် မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ဌာနေကုလအဖွဲ့တွေဟာ စိုးရိမ်နေကြကြောင်းလည်း ပြောပါတယ်။
အထူးသဖြင့် မြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွါးနေသလို စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွါးနေကြောင်းနဲ့ နေ့စဉ်လိုလိုပဲ အရပ်သား သေဆုံးမှုတွေ ဒဏ်ရာရမှုတွေပါ တွေ့နေရတယ်လို့ပြောပါတယ်။
ဒါ့ကြောင့် အဖွဲ့အားလုံးက အကြမ်းဖက်မှုကို ရှောင်ကြဉ်ဖို့ အင်အားမမျှတဲ့ တိုက်ခိုက်မှုတွေ မလုပ်ဖို့ ကျည်အစစ်မသုံးဖို့ မိုင်းမထောင်ဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။