သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားတပ်ပေါင်းစု UNFC အဖွဲ့ဝင်သစ် ထပ်တိုး


တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းတွေ စုစည်းထားတဲ့ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ရဲ့ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ကနေ၂၅ရက်နေ့ထိ ကျင်ပခဲ့တဲ့ အစည်းအဝေးကနေ အဖွဲ့အဝင် အသစ်တွေ အဖြစ် ကချင်အမျိုးသားအဖွဲ့နဲ့ KNO နဲ့ ချင်းအမျိုးသားတပ်ဦး CNF ကိုအဖွဲ့ဝင်သစ်တွေ အဖြစ်တိုးချဲ့ပြီး ပြန်လက်ခံဖို့ အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

တိုင်းရင်းသားတပ်ပေါင်းစု တခုလည်းဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ စုစည်းထားတဲ့ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ဟာ စတင်ဖွဲ့ကတည်းက အင်အား ၁၁ဖွဲနဲ့ စုစည်းထားတာဖြစ်ပြီး နောက်ပိုင်းမှာတေ့ာအဲဒီအဖွဲ့ ထဲကနေ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးကနေ ထွက်ခဲ့ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူရပ်စဲရေးသဘောတူ စာချုပ်ကို အရင်လက်မှတ်ရေးထိုးမူ လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ မကြာသေးခင်ကပဲ မွန်ပြည်သစ်ပါတီ MNSP နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU က ဒီလထဲမှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီနောက်မှာတော့ အင်အား၅ဖွဲ့ သာကျန်တော့တဲ့ ယူအန်အက်ဖ်စီအနေနဲ့ အဖွဲဝင်သစ်တွေကို ထပ်မံလက်ခံခဲ့တာဖြစ်ပါတယ်။ ချင်းမိုင်မြို့မှာလုပ်ခဲ့တဲ့ ၃ရက်ကြားအစည်းအဝေးကနေ အဖွဲ့ဝင်သစ် ၂ဖွဲ့ကို လက်ခံခဲ့တဲ့ အကြောင်း UNFCရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ် ၊ ရခိုင်ပြည်အမျိုးသားကောင်စီရဲအထွေထွေအတွင်းရေးမှူး လည်းဖြစ်တဲ့ ဦးထွန်းဇော်ကပြောပါတယ်။

"ယူအန်အက်ဖက်စ်စီအဖွဲ့ဝင်အဖွဲအစည်အဖြစ်ကနေ ယာယီရပ်စဲထားတဲ့ အဖွဲအစည်းဖြစ်တယ်ပေါ့။ ပြီးခဲ့တဲ့ညီလာခံမှာ သူတု့ိနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက် သဘောထားရှိတယ်ပေါ့ ။ အဲဒါကို ပြန်သုံးသပ်ပြီး သဘောထားချထားတာပေါ့။ KNO အနေနဲ့ ကလည်း UNFC စဖွဲ့ကတည်းကလည်း Founding member အဖြစ်ပါခဲ့တယ်။ သူတိုလည်း ပါဝင်လို့တဲ့ ရည်ချက်ချက်ရှိတဲ့အပေါ်မှာ ကျနော်တို့ကလည်းပြန်လည်လက်ခံခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ ၂ဖွဲ့ပါရင်ကျနော်တို့ အဖွဲ့အားလုံး ၇ဖွဲ့ ဖြစ်သွားမယ်လို့ပြောရမှာဖြစ်ပါတယ်"

ယူအန်အက်ဖ်စီအနေနဲ့ ကတော့ တပ်ပေါင်းစုနဲ့ ဆွေးနွေးရေးကို ခေတ်အဆက်ဆက်အစိုးရတွေနဲ့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တဖွဲ့ခြင်းအပစ်ရပ်ရေး၊ တဖွဲခြင်း အရတနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူးစာချုပ်ကို လက်မှတ်ရေးထိုးရေးတွေကို သာအစိုးရအဆက်ဆက်က လုပ်ဆောင်ခဲ့တဲ့အတွက် တပ်ပေါင်းစုနဲ့ စုစုစည်းစည်းလုပ်ဆောင်ဖို့ တွေကို အခက်အခဲတွေဖြစ်ရတယ်လို့လည်း သူကဆိုပါတယ်။

"ခေတ်အဆက်အဆက်ဆက်မှာဖြစ်လာတဲ့အနေအထားအရ အစိုးရတွေက တပ်ပေါင်းစုတွေကိုခေတ်အဆက်အဆက်အဆက်အစိုးရတွေကလက်ခံလိုတာမရှိဘူး ယူအန်အက်ဖ်စီနဲ့တော့သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ ဆွေးနွေးနိုင်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် ပဲနောက်ပိုင်းမှာယူအန်အက်ဖ်စီအောက်မှာ အားလုံးပါဝင်လာအောင်လက်မခံနိုင်ခဲ့ဘူး လက်မခံနိုင်တဲ့အောက်မှာ အားလုံးကွဲပြားသွားခဲ့တယ်ပေါ့။ ဒီကနေ့ လူထုအစိုးရလို့ပြောတဲ့ အန်အယ်ဒီအစိုးရကလည်း အားလုံးပါဝင်လာအောင် ဖော်ဆောင်နိုင်ခြင်းမရှိသေးဘူး၊ မလုပ်နိုင်သေးဘူး အဲဒီတော့ကျနော်တို့ကတော့အားလုံးပါဝင်လာအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်"

လက်ရှိမှာတော့ အဖွဲ့အစည်းတချို့ကတော့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး တပ်ပေါင်းစုကထွက်ခါွသွားတာရှိသလို အင်အာကြီးအဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ကတော့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ တွေနဲ့ ပူပေါင်းဖို့ ထွက်ခွါသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလထဲမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ၊ လာဟူးဒီမိုကရက်တစ်အစည်းအရုံးကတော့ ယူအန်အက်ဖ်စ်စီတပ်ပေါင်းစုမှာ ဆက်လက်ရပ်တည်သွားမယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG