သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေထြေထြညီလာခံမွာ အမ်ဳိးသမီးေခါင္းေဆာင္ေတြ မိန္႔ခြန္းေျပာဖုိ႔ရွိ


၇၆ ႀကိမ္ေျမာက္၊ ကုလအေထြေထြညီလာခံမွာ မိန္႔ခြန္းေျပာတဲ့တန္ဇန္နီးယားက အမ်ဳိးသမီးသမၼတ Samia Suluhu Hassan

Zawgyi/Unicode

New York ၿမိဳ႕မွာက်င္းပေနတဲ့ ကုလသမဂၢအေထြေထြညီလာခံမွာ ဒီေန႔ စက္တင္ဘာ ၂၄ ရက္ ေသာၾကာေန႔မိန္႔ခြန္းေျပာမယ့္သူေတြထဲ အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ ၅ ဦးနဲ႔ ဒုသမၼတ ၃ ဦး စုစုေပါင္း အမ်ဳိးသမီးေခါင္းေဆာင္ ၈ ဦးမိန္႔ခြန္းေျပာၾကားမွာျဖစ္ပါတယ္။

ၾကာသပေတးေန႔က အေထြေထြညီလာခံမွာ မိန္႔ခြန္းေျပာၾကားခဲ့တဲ့ တန္ဇန္းနီးယား ႏိုင္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီးသမၼတ Samia Suluhu Hassan ကေတာ့ အခုအခ်ိန္အထိ တိုးတက္ေျပာင္းလဲမႈေတြဟာ ကိုဗစ္ေၾကာင့္ ဆုတ္ယုတ္သြားႏိုင္တဲ့ အႏၲရာယ္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသမီးေတြ၊ မိန္းကေလးငယ္ေတြ၊ လူနည္းစုေတြလို ထိခိုက္လြယ္သူေတြအေရးကို ထည့္မတြက္ရင္ ကမာၻႀကီးကို ကယ္တင္လို႔ မရႏိုင္ဘူးလို႔ ဆလိုဗက္ကီးယားသမၼတ Zuzana Caputova က ဒီသီတင္းပတ္အေစာပိုင္းက ေျပာၾကားတဲ့ မိန္႔ခြန္းထဲမွာ ထည့္သြင္းေျပာသြားခဲ့ပါတယ္။

အစားအေသာက္ဟာ လူမႈအသိုင္းအဝိုင္းမွာ မရွိမျဖစ္လိုအပ္တဲ့အရာျဖစ္ၿပီး အစားအေသာက္ ေလာက္ငမႈမရွိရင္ လူ႔အခြင့္အေရးကို အျပည့္အဝအာရံုစိုက္ႏိုင္မွာ မဟုတ္ဘူးလို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ António Guterres က အေထြေထြညီလာခံက်င္းပေနခ်ိန္ ေဘးပန္းမွာ ၾကာသပေတးေန႔က က်င္းပတဲ့ စားနပ္ရိကၡာဆိုင္ရာ Online ထိပ္သီးစည္းေဝးပဲြမွာ ေျပာၾကားခဲ့ပါတယ္။

ယီမင္နဲ႔ အီသီယိုးပီးယားလို ႏိုင္ငံေတြမွာ အငတ္ေဘး ၾကံဳေနရတဲ့အခ်ိန္ တခ်ိဳ႕ေနရာေတြမွာေတာ့ စားေသာက္ကုန္ ထုတ္လုပ္မႈေတြရဲ႕ သံုးပံုတပံုေလာက္ အပိုလွ်ံျဖစ္ၿပီး အလဟႆ ျဖစ္ေနတာေတြ ရွိေနတာကိုလည္း အတြင္းေရးမွဴးခ်ဳပ္က ေထာက္ျပေျပာၾကားသြားပါတယ္။

ကမာၻတဝန္း စားနပ္ရိကၡာက်ပ္တည္းမႈက COVID-19 ကပ္ေဘးေၾကာင့္ ပိုၿပီး ဆိုးလာေနတယ္ဆိုတာကို ကမာၻ႔ေခါင္းေဆာင္ေတြက ေထာက္ျပေျပာဆိုေနၾကပါတယ္။ ကုလသမဂၢရဲ႕ ေရရွည္ခံတဲ့ ဖြံ႔ၿဖိဳးတိုးတက္မႈ ရည္မွန္းခ်က္ ၁၇ ခုထဲမွာ ငတ္မြတ္ေခါင္းပါးမႈ လံုးဝ ပေပ်ာက္ေရးကို ထိပ္ဆံုးဦးစားေပးအျဖစ္ ထည့္သြင္းေဆာင္ရြက္ေနပါတယ္။
========

Unicode

အထွေထွေညီလာခံမှာ အမျိုးသမီးခေါင်းဆောင်တွေ မိန့်ခွန်းပြောဖို့ရှိ

New York မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီနေ့ စက်တင်ဘာ ၂၄ ရက် သောကြာနေ့မိန့်ခွန်းပြောမယ့်သူတွေထဲ အမျိုးသမီးဝန်ကြီးချုပ် ၅ ဦးနဲ့ ဒုသမ္မတ ၃ ဦး စုစုပေါင်း အမျိုးသမီးခေါင်းဆောင် ၈ ဦးမိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

ကြာသပတေးနေ့က အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ တန်ဇန်းနီးယား နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ Samia Suluhu Hassan ကတော့ အခုအချိန်အထိ တိုးတက်ပြောင်းလဲမှုတွေဟာ ကိုဗစ်ကြောင့် ဆုတ်ယုတ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ၊ လူနည်းစုတွေလို ထိခိုက်လွယ်သူတွေအရေးကို ထည့်မတွက်ရင် ကမ္ဘာကြီးကို ကယ်တင်လို့ မရနိုင်ဘူးလို့ ဆလိုဗက်ကီးယားသမ္မတ Zuzana Caputova က ဒီသီတင်းပတ်အစောပိုင်းက ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

အစားအသောက်ဟာ လူမှုအသိုင်းအဝိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပြီး အစားအသောက် လောက်ငမှုမရှိရင် လူ့အခွင့်အရေးကို အပြည့်အဝအာရုံစိုက်နိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က အထွေထွေညီလာခံကျင်းပနေချိန် ဘေးပန်းမှာ ကြာသပတေးနေ့က ကျင်းပတဲ့ စားနပ်ရိက္ခာဆိုင်ရာ Online ထိပ်သီးစည်းဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ယီမင်နဲ့ အီသီယိုးပီးယားလို နိုင်ငံတွေမှာ အငတ်ဘေး ကြုံနေရတဲ့အချိန် တချို့နေရာတွေမှာတော့ စားသောက်ကုန် ထုတ်လုပ်မှုတွေရဲ့ သုံးပုံတပုံလောက် အပိုလျှံဖြစ်ပြီး အလဟဿ ဖြစ်နေတာတွေ ရှိနေတာကိုလည်း အတွင်းရေးမှူးချုပ်က ထောက်ပြပြောကြားသွားပါတယ်။

ကမ္ဘာတဝန်း စားနပ်ရိက္ခာကျပ်တည်းမှုက COVID-19 ကပ်ဘေးကြောင့် ပိုပြီး ဆိုးလာနေတယ်ဆိုတာကို ကမ္ဘာ့ခေါင်းဆောင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။ ကုလသမဂ္ဂရဲ့ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ၁၇ ခုထဲမှာ ငတ်မွတ်ခေါင်းပါးမှု လုံးဝ ပပျောက်ရေးကို ထိပ်ဆုံးဦးစားပေးအဖြစ် ထည့်သွင်းဆောင်ရွက်နေပါတယ်။

#UNGA #WomenLeaders #voaburmese #အထွေထွေညီလာခံ #အမျိုးသမီးခေါင်းဆောင် #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG