သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင် အာရှ လှေစီးပြေးတွေ အတွက် ရံပုံငွေ ဒေါ်လာ ၁၃ သန်း လိုအပ်


လှေစီးပြေးဒုက္ခသည်များ။
လှေစီးပြေးဒုက္ခသည်များ။

အရှေ့တောင်အာရှဒေသက နိုင်ငံတွေမှာ ရောက်နေတဲ့ လှေစီးပြေးဒုက္ခသည်တွေကို အကူအညီပေးဖို့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၃ သန်း အကူအညီပေးကြ ပါလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သောကြာနေ့ မှာ ပန်ကြားလိုက်ပါတယ်။ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေ နဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေ ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တို့ကို စက်လှေတွေနဲ့ ဖြတ် သွားနေကြတာပါ။

မကြာခင်မှာပဲ မုတ်သုန်မိုးရာသီ ကျရောက်တော့မှာဖြစ်ပြီး လူထောင်ပေါင်းများစွာ ဟာ ပင်လယ်ထဲမှာပဲ ရှိနေနိုင်သေးတယ်လို့ UNHCR ရုံးပြောခွင့်ရ Melissa Fleming က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက လူပေါင်း ၄,၈၀၀ လောက်ကို အကာအကွယ်ပေးရေး UNHCR ရဲ့လုပ်ငန်းကို အရှိန်မြှင့် လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ရန်ပုံငွေကို ကြာသပတေးနေ့ကပဲ ပန်ကြားလိုက်တာဖြစ်ပါတယ်။ အဲဒီလူတွေဟာ လူမှောင်ခိုကူးသူ တွေရဲ့ လှေတွေပေါ်ကနေ ပြီးခဲ့တဲ့လက ကမ်းပေါ်ရောက်သွားကြတာပါ။

နောက်ဆုံးဖြစ်ရပ်မှာဆိုရင် အမျိုးသမီးနဲ့ကလေးငယ် ၁၂၀ လောက်အပါအဝင် လူပေါင်း ၇၀၀ ကျော်ဟာ ဒီသီတင်းပတ် အစော ပိုင်းမှာပဲ ရခိုင်ပြည်နယ် မှာ ရောက်သွားကြတာပါ။ အဲဒီလူတွေက သူတို့ဟာ ပင်လယ်ထဲမှာ သုံးလထက် မနည်း ကြာခဲ့တယ်လို့ ပြောကြပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာ နိုင်ငံတကာက ရိုဟင်ဂျာလို့ခေါ်သူ အယောက် ၁,၀၀၀ ကျော်ကို UNHCR က မှတ်ပုံတင် ထားပါတယ်။

XS
SM
MD
LG