သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလလူ႔အခြင့္အေရးေကာင္စီ ယူကရိန္းအေရးနဲ႔ ျမန္မာအပါ ၄ ႏိုင္ငံ လူ႔အခြင့္အေရးအေျခအေန ေဆြးေႏြးမည္


UN Human Rights Council 

[[Zawgyi/Unicode]]

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ာနီဗာၿမိဳ႕မွာ ေဖေဖာ္ဝါရီလ ၂၈ရက္ေန႔ကေန ဧၿပီလ ၁ရက္ေန႔အထိ က်င္းပမယ့္ သီတင္းငါးပတ္တာၾကာျမင့္တဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီအစည္းအေဝးမွာ ျမန္မာ အာဖဂန္နစၥတန္ ဘီလာ႐ုစ္ အီသီယိုပီးယားနဲ႔ ဗင္နီးဇြဲလားႏိုင္ငံတို႔ရဲ႕ လူ႔အခြင့္အေရးအေျခအေနေတြကို အထူးအေရးထားေဆြးေႏြးၾကဖို႔ရွိပါတယ္။

ဒါေပမယ့္ ေဖေဖာ္ဝါရီလ၂၄ က ႐ုရွားက ယူကရိန္းကိုတိုက္ခိုက္ခဲ့တဲ့ ယူကရိန္းအေရးက လာမယ့္သီတင္းပတ္မွာ စတင္မယ့္ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးကိုေတာ့ လႊမ္းမိုးသြားႏိုင္ေျခရွိေနပါတယ္။ ဒီကုလလူ႔အခြင့္အေရးေကာင္စီအစည္းအေဝးမွာ အဓိက ျမန္မာအေရးနဲ႔ပတ္သက္လို႔ ကုလသမဂၢဆိုင္ရာ လူ႔အခြင့္အေရးမဟာမင္းႀကီးရဲ႕ ျမန္မာႏိုင္ငံႏိုင္ရာအစီရင္ခံစာ၊ ေနာက္ ၂၀၁၀ ခုႏွစ္ကေနစလို႔ ၂၀၁၈ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံတြင္း ကုလသမဂၢရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ပတ္သက္တဲ့ ကုလအတြင္းေရးမႉးခ်ဳပ္ရဲ႕ အစီရင္ခံစာနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ ရဲ႕ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ပတ္သက္တဲ့အစီရင္ခံစာေတြကို ေဆြးေႏြးဖို႔ရွိေနတာပါ။

ဒီလူ႔အခြင့္အေရးေကာင္စီအစည္းအေဝးမွာ ယူကရိန္းအေရးေဆြးေႏြးဖို႔-လာမယ့္ မတ္လ ၁ ရက္ေန႔မွာ ဆြစ္ဇာလန္ႏိုင္ငံကို ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov ကိုယ္တိုင္ လာေရာက္မိန႔္ခြန္းေျပာဖို႔ရွိတယ္လို႔ ႐ုရွားေျပာခြင့္ရက AFP သတင္းဌာနကို အတည္ျပဳပါတယ္။ အဲ့ဒီ့ေန႔မွာပဲ အေမရိကန္ ၿဗိတိန္နဲ႔ ဥေရာပသမဂၢတို႔ကလည္း ယူကရိန္း အထူးသံကိုယ္စားလွယ္နဲ႔အတူ ကုလလူ႔အခြင့္အေရးေကာင္စီမွာ ဗီဒီယိုကေန မိန႔္ခြန္းေျပာၾကားဖို႔ရွိေနပါတယ္။

ယူကရိန္းအေရးကို အေမရိကန္ျပည္ေထာင္စု နယူးေထာက္ၿမိဳ႕ ကုလလုံၿခဳံေရးေကာင္စီမွာ ေဆြးေႏြးၾကဖို႔ရွိေနသလို ဂ်နီဗာမွာ ေဆြးေႏြးၾကမယ့္ လူ႔အခြင့္အေရးေကာင္စီအစည္းအေဝးမွာလည္း ယူကရိန္းေအေရး ႏိုင္ငံတကာတင္းမာမႈေတြနဲ႔ပတ္သက္လို႔ အႀကိတ္အနယ္ ေဆြးေႏြးၾကဖြယ္ရွိေနတယ္လို႔ဆို ပါတယ္။

လာမယ့္တနလၤာေန႔မွာ စတင္မယ့္ ဂ်နီဗာက လူ႔အခြင့္အေရးေကာင္စီအစည္းအေဝးမွာ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္နဲ႔ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး Michelle Bachelet တို႔ အဖြင့္အမွာစကားေျပာၾကားဖို႔ရွိပါတယ္။

မႀကဳံစဖူး သီတင္းငါးပတ္တာၾကာျမင့္မယ့္ ဒီကုလလူ႔အခြင့္အေရးေကာင္စီအစည္းအေဝးမွာ အဓိကကေတာ့ အာဖဂန္နစၥတန္ ျမန္မာနဲ႔ အီသီယိုပီးယား ဗင္နီဇြဲလားတို႔မွာ ျဖစ္ပ်က္ေနတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အဓိကဦးစားေပးေဆြးေႏြးၾကဖို႔ရွိေနတာပါ။ ဒါ့အျပင္ တ႐ုတ္ႏိုင္ငံဘက္က ျငင္းခ်က္ထုတ္ထားတဲ့ ရွင္က်န္းေဒသက ဝီကာမူဆလင္ တသန္းထက္မနည္း အက်ဥ္းစခန္းေတြမွာ အက်ဥ္းခ်ခံထားတဲ့ အေျခအေနနဲ႔ပတ္သက္ၿပီးလည္း လူ႔အခြင့္အေရးေကာ္မရွင္နာမင္းႀကီးရဲ႕အစီရင္ခံစာထုတ္ျပန္ဖို႔ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ကုလလူ့အခွင့်အရေးကောင်စီ ယူကရိန်းအရေးနဲ့ မြန်မာအပါ ၄ နိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆွေးနွေးမည်

ဆွစ်ဇာလန်နိုင်ငံ ဂျာနီဗာမြို့မှာ ဖေဖော်ဝါရီလ ၂၈ရက်နေ့ကနေ ဧပြီလ ၁ရက်နေ့အထိ ကျင်းပမယ့် သီတင်းငါးပတ်တာကြာမြင့်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာ အာဖဂန်နစ္စတန် ဘီလာရုစ် အီသီယိုပီးယားနဲ့ ဗင်နီးဇွဲလားနိုင်ငံတို့ရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အထူးအရေးထားဆွေးနွေးကြဖို့ရှိပါတယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ၂၄ က ရုရှားက ယူကရိန်းကိုတိုက်ခိုက်ခဲ့တဲ့ ယူကရိန်းအရေးက လာမယ့်သီတင်းပတ်မှာ စတင်မယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးကိုတော့ လွှမ်းမိုးသွားနိုင်ခြေရှိနေပါတယ်။ ဒီကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အဓိက မြန်မာအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ မြန်မာနိုင်ငံနိုင်ရာအစီရင်ခံစာ၊ နောက် ၂၀၁၀ ခုနှစ်ကနေစလို့ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်တဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ရဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့အစီရင်ခံစာတွေကို ဆွေးနွေးဖို့ရှိနေတာပါ။

ဒီလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ယူကရိန်းအရေးဆွေးနွေးဖို့-လာမယ့် မတ်လ ၁ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံကို ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကိုယ်တိုင် လာရောက်မိန့်ခွန်းပြောဖို့ရှိတယ်လို့ ရုရှားပြောခွင့်ရက AFP သတင်းဌာနကို အတည်ပြုပါတယ်။ အဲ့ဒီ့နေ့မှာပဲ အမေရိကန် ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့ကလည်း ယူကရိန်း အထူးသံကိုယ်စားလှယ်နဲ့အတူ ကုလလူ့အခွင့်အရေးကောင်စီမှာ ဗီဒီယိုကနေ မိန့်ခွန်းပြောကြားဖို့ရှိနေပါတယ်။

ယူကရိန်းအရေးကို အမေရိကန်ပြည်ထောင်စု နယူးထောက်မြို့ ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးကြဖို့ရှိနေသလို ဂျနီဗာမှာ ဆွေးနွေးကြမယ့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာလည်း ယူကရိန်းအေရေး နိုင်ငံတကာတင်းမာမှုတွေနဲ့ပတ်သက်လို့ အကြိတ်အနယ် ဆွေးနွေးကြဖွယ်ရှိနေတယ်လို့ဆို ပါတယ်။

လာမယ့်တနင်္လာနေ့မှာ စတင်မယ့် ဂျနီဗာက လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet တို့ အဖွင့်အမှာစကားပြောကြားဖို့ရှိပါတယ်။

မကြုံစဖူး သီတင်းငါးပတ်တာကြာမြင့်မယ့် ဒီကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အဓိကကတော့ အာဖဂန်နစ္စတန် မြန်မာနဲ့ အီသီယိုပီးယား ဗင်နီဇွဲလားတို့မှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကဦးစားပေးဆွေးနွေးကြဖို့ရှိနေတာပါ။ ဒါ့အပြင် တရုတ်နိုင်ငံဘက်က ငြင်းချက်ထုတ်ထားတဲ့ ရှင်ကျန်းဒေသက ဝီကာမူဆလင် တသန်းထက်မနည်း အကျဉ်းစခန်းတွေမှာ အကျဉ်းချခံထားတဲ့ အခြေအနေနဲ့ပတ်သက်ပြီးလည်း လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရဲ့အစီရင်ခံစာထုတ်ပြန်ဖို့ရှိနေပါတယ်။
=================

XS
SM
MD
LG