သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN ဒုက္ခသည် ရန်ပုံငွေ ထူထောင်ရေး ကုလကြိုဆို


လှေစီးပြေးဒုက္ခသည်များ။
လှေစီးပြေးဒုက္ခသည်များ။

အရှေ့တောင်အာရှဒေသတွင်းမှာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းမှုတွေအပေါ် တုန့်ပြန်လုပ်ဆောင်ဖို့ လုပ်ငန်းအဖွဲ့တခုနဲ့ ရန်ပုံငွေတရပ် ထူထောင်ရေး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN က အဆိုပြု လိုက်တဲ့အပေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကြိုဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ဇူလိုင်လ ၂ ရက်နေ့ကကျင်းပတဲ့ အရှေ့တောင် အာရှဒေသတွင်း လူပုဂ္ဂိုလ်များ၏ ပုံမှန် မဟုတ်သော ရွှေ့ပြောင်းသွားလာမှုများနှင့် ဆက်စပ်သော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများဆိုင်ရာ အာဆီယံ ဝန်ကြီးအဆင့် အရေးပေါ်အစည်းအဝေးအတွင်း အဲဒီလို အဆိုပြုလိုက်ကြတာပါ။

ဒီနှစ် မေလအတွင်း ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ပင်လယ်ထဲမှာ စက်လှေတွေနဲ့ မျောနေခဲ့တဲ့ အကျပ်အတည်းကို ဖြေရှင်းရေး ဒေသတွင်း အစည်း အဝေးတွေ ကျင်းပတာမှာ အခုအစည်းအဝေးက နောက်ဆုံးကျင်းပထားတဲ့ အစည်းအဝေးပါ။

လူပေါင်း ၄,၈၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ ကယ်တင်ထားရပါတယ်။ လူ ရာပေါင်းများစွာ ဘယ်ရောက်နေမှန်း မသိပေမဲ့ အများအပြားကတော့ မကြာသေးခင် သီတင်းပတ်တွေ အတွင်း ဘယ်သူမှ မသိလိုက်ဘဲ ကုန်းပေါ် ပြန်ရောက် သွားကြဖွယ်ရှိပါတယ်။

ဒုက္ခသည်တွေကို ဆန်းစစ်တာနဲ့ ကူညီ လုပ်ဆောင်ရေး အဖြေရှာတဲ့နေရာမှာ သူတို့ရဲ့ကျွမ်းကျင်မှုကို ဝေမျှဖို့ အဆင်သင့်ရှိပြီး ဒေသဆိုင်ရာ ဒီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေး အာဆီယံရဲ့ကြိုးပမ်းမှုကို ကူညီ ထောက်ပံ့ဖို့ အဆင်သင့်ရှိပါတယ်လို့ UNHCR ရဲ့ ဇူလိုင်လ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG