သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရာရွေ့ မြေမြှုပ်မိုင်း အန္တရာယ် UNICEF သတိပေး


 မြေမြှုပ်မိုင်း ။
မြေမြှုပ်မိုင်း ။

မြန်မာနိုင်ငံ ဒေသ အများအပြားမှာ ရေကြီးတာ နဲ့ မြေပြိုတာတွေကြောင့် မြေမြှုပ်မိုင်း နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ နေရာ ရွေ့လျားသွားပြီး ရေမြုပ်သွားတဲ့တိုင် အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အရေးပေါ် ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးက သတိပေးထားပါတယ်။

တကယ်လို့ မြေမြှုပ်မိုင်း ဒါမှမဟုတ် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေတွေ့တယ်ဆိုရင် ကိုယ့်ဖာသာ ကိုင်တွယ်တာမျိုးမလုပ်ဘဲ တွေ့တွေ့ချင်းမှာပဲ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အကြောင်းကြားပါလို့ UNICEF မြန်မာရုံးက ကြေညာထားပါတယ်။

XS
SM
MD
LG