သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္အစိုးရဝန္ႀကီးအဖြဲ႔ အေျပာင္းအလဲလုပ္


ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က တိုက်ဳိၿမိဳ႕ ဝန္ႀကီးခ်ဳပ္႐ံုးမွာ သတင္းစာရွင္းလင္းပြဲက်င္းပစဥ္။ (ၾသဂုတ္ ၁၀၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ဂ်ပန္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ Fumio Kishida က သူ႔ရဲ႕ Cabinet ဝန္ႀကီးအဖဲြ႔ကို ဒီေန႔ အေျပာင္းအလဲ လုပ္လိုက္ ပါတယ္။ အမ်ားျပည္သူ ေထာက္ခံမႈက်ဆင္းေနခ်ိန္မွာ အျငင္းပြားစရာျဖစ္ေနတဲ့ ေပါင္းစည္းေရးအသင္းေတာ္ Unification Church နဲ႔ ဆက္ႏြယ္ေနတဲ့ ဝန္ႀကီးတခ်ဳိ႕ကို ဖယ္ရွားခဲ့ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ဘ႑ာေရးဝန္ႀကီးတို႔ကေတာ့ အေျပာင္းအလဲမရွိေပမယ့္ တျခားလူသိမ်ားတဲ့ ဝန္ႀကီးေတြ ဖယ္ရွားခံရပါတယ္။ ရာထူးကေန ဖယ္ရွားခံရတဲ့ ဝန္ႀကီး ၇ ေယာက္လံုးက ေပါင္းစည္းေရးအသင္းေတာ္နဲ႔ ဆက္ႏြယ္ေနတယ္ဆိုတာ ထုတ္ေဖာ္ေျပာခဲ့ၾကသူေတြျဖစ္ပါတယ္။ အဲဒီထဲမွာ လုပ္ၾကံသတ္ျဖတ္ခံရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe ရဲ႕ ညီျဖစ္သူ ကာကြယ္ေရးဝန္ႀကီး Nobuo Kishi လည္း ပါပါတယ္။ Mr. Abe ကိုေသနတ္နဲ႔ ပစ္ခတ္သတ္ျဖတ္ခဲ့သူက သူ႔အေမဟာ ေပါင္းစည္းေရးအသင္းေတာ္ ပံုမွန္တက္သူျဖစ္ၿပီး ဘုရားေက်ာင္းကို ေငြေတြလွဴတဲ့အတြက္ ေဒဝါလီခံခဲ့ရတာလို႔ ေျပာပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း Abe က အဲဒီအသင္းေတာ္ကို ကိုးကြယ္ဖို႔ အားေပးျမႇင့္တင္ခဲ့တယ္လို႔ သူကေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ Kishida က Cabinet အဖဲြ႕တြင္း အေျပာင္းအလဲကို ခန္႔မွန္းထားတာထက္ ေစာၿပီးလုပ္တာက လႊတ္ေတာ္အမတ္ေတြနဲ႔ အသင္းေတာ္ ဆက္ႏြယ္မႈဟာ တာဝန္ယူထားတာ ၁ ႏွစ္ေတာင္ မျပည့္ေသးတဲ့ သူ႔ရဲ႕ ဝန္ႀကီးခ်ဳပ္ရာထူးကိုပါ ထိခိုက္ႏိုင္တဲ့ အေျခအေနမွာရွိေနတယ္ဆိုတာ ျပသေနတယ္လို႔ ႏိုင္ငံေရးအကဲခတ္ေတြက သံုးသပ္ပါတယ္။ ေနာက္ဆံုး ထြက္ထားတဲ့ လူထု သေဘာထား စစ္တမ္းေတြအရ ဝန္ႀကီးခ်ဳပ္ Kishida အေပၚ ေထာက္ခံမႈဟာ ၄၆% အထိ က်ဆင္းခဲ့ပါတယ္။ လြန္ခဲ့တဲ့ သီတင္း ၃ ပတ္က သူ႔အေပၚ ေထာက္ခံသူ ၅၉% ရွိခဲ့တာပါ။ သူဝန္ႀကီးခ်ဳပ္တာဝန္ယူခဲ့ထဲကဆိုရင္ လူထု ေထာက္ခံမႈ အနည္းဆံုးျဖစ္တယ္လို႔ NHK သတင္းဌာနက ေျပာၾကားပါတယ္။

ဂ်ပန္အစိုးရဝန္ႀကီးအဖြဲ႕ အေျပာင္းအလဲလုပ္.mp3
please wait

No media source currently available

0:00 0:01:13 0:00
တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဂျပန်အစိုးရဝန်ကြီးအဖွဲ့ အပြောင်းအလဲလုပ်


ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ် Fumio Kishida က သူ့ရဲ့ Cabinet ဝန်ကြီးအဖွဲ့ကို ဒီနေ့ အပြောင်းအလဲ လုပ်လိုက် ပါတယ်။ အများပြည်သူ ထောက်ခံမှုကျဆင်းနေချိန်မှာ အငြင်းပွားစရာဖြစ်နေတဲ့ ပေါင်းစည်းရေးအသင်းတော် Unification Church နဲ့ ဆက်နွယ်နေတဲ့ ဝန်ကြီးတချို့ကို ဖယ်ရှားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့ကတော့ အပြောင်းအလဲမရှိပေမယ့် တခြားလူသိများတဲ့ ဝန်ကြီးတွေ ဖယ်ရှားခံရပါတယ်။ ရာထူးကနေ ဖယ်ရှားခံရတဲ့ ဝန်ကြီး ၇ ယောက်လုံးက ပေါင်းစည်းရေးအသင်းတော်နဲ့ ဆက်နွယ်နေတယ်ဆိုတာ ထုတ်ဖော်ပြောခဲ့ကြသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း Shinzo Abe ရဲ့ ညီဖြစ်သူ ကာကွယ်ရေးဝန်ကြီး Nobuo Kishi လည်း ပါပါတယ်။ Mr. Abe ကိုသေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သူက သူ့အမေဟာ ပေါင်းစည်းရေးအသင်းတော် ပုံမှန်တက်သူဖြစ်ပြီး ဘုရားကျောင်းကို ငွေတွေလှူတဲ့အတွက် ဒေဝါလီခံခဲ့ရတာလို့ ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း Abe က အဲဒီအသင်းတော်ကို ကိုးကွယ်ဖို့ အားပေးမြှင့်တင်ခဲ့တယ်လို့ သူကပြောပါတယ်။

ဝန်ကြီးချုပ် Kishida က Cabinet အဖွဲ့တွင်း အပြောင်းအလဲကို ခန့်မှန်းထားတာထက် စောပြီးလုပ်တာက လွှတ်တော်အမတ်တွေနဲ့ အသင်းတော် ဆက်နွယ်မှုဟာ တာဝန်ယူထားတာ ၁ နှစ်တောင် မပြည့်သေးတဲ့ သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေမှာရှိနေတယ်ဆိုတာ ပြသနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။ နောက်ဆုံး ထွက်ထားတဲ့ လူထု သဘောထား စစ်တမ်းတွေအရ ဝန်ကြီးချုပ် Kishida အပေါ် ထောက်ခံမှုဟာ ၄၆% အထိ ကျဆင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်က သူ့အပေါ် ထောက်ခံသူ ၅၉% ရှိခဲ့တာပါ။ သူဝန်ကြီးချုပ်တာဝန်ယူခဲ့ထဲကဆိုရင် လူထု ထောက်ခံမှု အနည်းဆုံးဖြစ်တယ်လို့ NHK သတင်းဌာနက ပြောကြားပါတယ်။

XS
SM
MD
LG