သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လူဖြူကြီးစိုးရေးဝါဒီတွေနဲ့ တန်ပြန်လက်ဝဲဝါဒီညွန့်ပေါင်းအဖွဲ့တွေ အိမ်ဖြူတော်ရှေ့ ဆန္ဒပြကြမည်


၂၀၁၇၊ သြဂုတ်လ ၁၁ ရက်တုန်းက လူဖြူကြီးစိုးရေးဝါဒီတွေ ဗာဂျီးနီးယားတက္ကသိုလ်မှာ ဆန္ဒပြကြစဉ်။
၂၀၁၇၊ သြဂုတ်လ ၁၁ ရက်တုန်းက လူဖြူကြီးစိုးရေးဝါဒီတွေ ဗာဂျီးနီးယားတက္ကသိုလ်မှာ ဆန္ဒပြကြစဉ်။

Unite the Right လို့ အမည်ပေးထားတဲ့ လူဖြူတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုတခုကို လူဖြူကြီးစိုးရေးဝါဒီတွေက လာမယ့်တနင်္ဂနွေနေ့မှာ သမ္မတအိမ်ဖြူတော်ရှေ့ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့မှာ တန်ပြန်ဆန္ဒပြသူတယောက် သေဆုံးပြီး တနိုင်ငံလုံး တုန်လှုပ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ကြုံခဲ့ရတဲ့ နှစ်ပတ်လည်နေ့မှာပဲ ကျင်းပမယ့် စုဝေးပွဲ ကိုတော့ လူဖြူအခွင့်အရေး ရရှိဖို့ ရည်ရွယ်ထားကြောင်းလည်း အဖွဲ့ရဲ့ဝဘ်ဆိုဒ်မှာ ကြေညာထားတာပါ။ တန်ပြန်ဆန္ဒပြပွဲအဖြစ်နဲ့ လက်ဝဲဝါဒီ ညွန့်ပေါင်းအဖွဲ့တခုကလည်း ဝါရှင်တန်မှာပဲ စုဝေးကြဖို့လည်း စီစဉ်ထားပါတယ်။

ဖက်ဆစ်ဝါဒ၊ ဂျူးမုန်းတီးရေး၊ အစ္စလာမ်ဝါဒ ဆန့််ကျင်ရေးနဲ့ လူဖြူကြီးစိုးရေးဝါဒနဲ့ အကြမ်း ဖက်ပဋိပက္ခတွေကို ဆန့်ကျင်ကြောင်း ပြသဖို့ ရည်ရွယ်ထားတယ်လို့လည်း တန်ပြန် ဆန္ဒပြသူတွေရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားတာပါ။ အမေရိကန်တဝန်းနဲ့ နိုင်ငံတကာက အမေရိကန်သံရုံးတွေမှာ ဆန္ဒပြကြဖို့လည်း ဆန္ဒပြဖို့စီစဉ်သူတွေက တိုက်တွန်းထားကြပါ တယ်။ အမေရိကန် ပြည်တွင်းစစ်မှာ တောင်ပိုင်းတပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ စစ်သည်တွေ ကို ဂုဏ်ပြုသင့်-မသင့်၊ ဂုဏ်ပြုတဲ့လုပ်ရပ်ကြောင့် လူဖြူကြီးစိုးရေးဝါဒကို အားပေးရာ ရောက်မရောက်၊ လူမည်းတွေကို ကျွန်ပြုတဲ့စနစ်ကို လက်ခံရာရောက်မရောက် ဆွေးနွေးမှုတွေကနေ လွန်ခဲ့တဲ့တနှစ်က ပဋိပက္ခတွေနဲ့ ကြုံခဲ့ရတာပါ။

တောင်ပိုင်းတပ်တွေရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Robert E. Lee ရုပ်တုကို ဖယ်ရှားမယ့် အစီအစဉ်ကို လူဖြူအမျိုးသားရေးဝါဒီတွေက ကန့်ကွက်ဆန္ဒပြရာမှာလည်း၊ အသက် ၃၂ နှစ်အရွယ် တန်ပြန်ဆန္ဒပြသူ Heather Heyer ကားနဲ့အတိုက်ခံခဲ့ရပြီး သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG