သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရီးသည်ကို စော်ကားတဲ့ အပြုအမူ ရှောင်ဖို့ United လေကြောင်းအကြီးအကဲ ဂတိပေး

United Airlines ရဲ့ အကြီးအကဲ Oscar Munoz
United Airlines ရဲ့ အကြီးအကဲ Oscar Munoz

အမေရိကန်နိုင်ငံက United လေကြောင်းလိုင်း လေယာဉ်ပေါ်ကနေ ခရီးသည်တဦးကို Chicago မြို့ လေဆိပ်မှာ ဧပြီလ ၉ ရက်နေ့က လေယာဉ်ပေါ်က အဓမ္မ ဒရွတ်တိုက် ဆွဲချခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ - အဲဒီလို ပြုမူ ဆက်ဆံမှုမျိုး နောက်ထပ် ဘယ်တော့မှ မဖြစ်စေရဘူးလို့ လေကြောင်းလိုင်းရဲ့ အကြီးအကဲ Oscar Munoz က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီ ခရီးသည် ဗီယက်နမ် နွယ်ဖွား အမေရိကန်နိုင်ငံသား David Dao ဟာ ဆရာဝန်တဦးဖြစ်ပြီး သူ့ကို လေယာဉ် ထိုင်ခုံပေါ်က လုံခြုံရေးတွေက အဓမ္မ ဆွဲချတဲ့အတွက် ထိခိုက်ဒဏ်ရာရပြီး သွေးထွက်သံယို ဖြစ်သွားခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်အပေါ် ဝေဖန် ပြောဆိုမှုတွေ ကြီးထွားလာနေတဲ့အချိန်မှာပဲ Munoz က သံဝေဂရတဲ့ လေသံနဲ့ လေယာဉ်ပေါ်က ဆွဲချခံခဲ့ရတဲ့ ဒေါက်တာ Dao ကို အကြီးအကျယ် တောင်းပန်လိုက်ပြီး၊ ခရီးသည်တွေကို လေယာဉ်ပေါ်ကနေ လုံခြုံရေး အရာရှိတွေနဲ့ အဓမ္မ ဆွဲချမှု လုပ်တော့မှာ မဟုတ်ကြောင်း၊ အဲဒီလို လုပ်ဖို့ မသင့်တော်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ABC ရုပ်သံဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားခဲ့ပါတယ်။

Munoz ရဲ့ အဲဒီလို ပြောဆိုမှုဟာ ခရီးသည် ဒေါက်တာ Dao အနေနဲ့ ရန်လိုတယ်၊ ကပျက် ယပျက်လုပ်တယ်လို့ ပြောဆိုခဲ့တာ အပါအဝင် သူ အစောပိုင်းက ပြောဆိုခဲ့တဲ့ ဝတ်ကျေ တန်းကျေ လေသံတွေနဲ့ အကွာကြီး ကွာနေတာ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ - Chicago ကနေ Kentucky ပြည်နယ်၊ Louisville မြို့ကို ပျံသန်းမယ့် United လေကြောင်းလိုင်း ခရီးစဉ်အတွက် ခရီးသည်တွေကို သတ်မှတ်ထားတဲ့ ထိုင်ခုံအရေအတွက်ထက် ပိုပြီး ရောင်းချထားတာမှာ နောက်ပိုင်း လေယာဉ်ဝန်ထမ်းတချို့ Louisville မြို့ကို သွာစရာ ရှိတဲ့အတွက် ခရီးသည် ၄ ဦးကို ဆင်းပေးဖို့ လေကြောင်းလိုင်းက တောင်းဆိုတာမှာ David Dao က ဆင်းမပေးတဲ့အတွက် လေဆိပ် လုံခြုံရေး တပ်ဖွဲ့တွေက သူ့ကို အတင်း ဒရွတ်တိုက် ဆွဲချသွားခဲ့တာ ဖြစ်ပါတယ်။

ခရီးသည်ကို စော်ကားတဲ့ အပြုအမူ ရှောင်ဖို့ United လေကြောင်းအကြီးအကဲ ဂတိပေး
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG