သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ဘေးဒုက္ခနဲ့ မျှော်လင့်ချက်များ တွေ့ရကြောင်း ကုလသမဂ္ဂ ပြော


စစ်တွေမြို့၊ အုန်းရေပေါ်ကျေးရွာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်အတူ ရပ်မိရပ်ဖများနှင့် တွေ့ဆုံနေသည့် မစ္စတာ Haoliang Xu နှင့် မစ္စတာ John Ging
စစ်တွေမြို့၊ အုန်းရေပေါ်ကျေးရွာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့်အတူ ရပ်မိရပ်ဖများနှင့် တွေ့ဆုံနေသည့် မစ္စတာ Haoliang Xu နှင့် မစ္စတာ John Ging

ရခိုင်ပြည်နယ်မှာ ဆိုးရွားတဲ့ လူသားဘေးဒုက္ခအန္တရာယ် ကျရောက်နေတာကို တွေ့ရပေမယ့် မျှော်လင့်ချက် အရိပ်လက္ခဏာတွေ ကိုလည်း တွေ့ရပါတယ်လို့ မကြာသေးခင်ကပဲ ရခိုင်ပြည်နယ်ဘက်ဆီ သွားရောက်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Haoliang Xu နဲ့ လူသားရေးရာ ကုလ သမဂ္ဂ လုပ်ငန်းညှိနှိုင်းရေးရုံးရဲ့ စီမံကိန်းညွှန်ကြားရေးမှူး John Ging တို့ဟာ မကြာသေးခင်ကသွားတဲ့ ရခိုင်ပြည်နယ်ခရီးစဉ် အတွင်း သူတို့ လေ့လာတွေ့ရှိခဲ့တာတွေနဲ့ပတ်သက်လို့ သောကြာနေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ကြတာပါ။

ရခိုင်ဘက်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့လည်း သူတို့ တွေ့ဆုံခဲ့ပါတယ်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အထူးသဖြင့် အာရုံစိုက်မှုနဲ့အတူ ရခိုင်ပြည်နယ် တဝန်း ဆင်းရဲမွဲတေမှု ပပျောက်ရေး အရှိန်မြှင့် လုပ်ဆောင်ဖို့လိုတယ်လို့ မစ္စတာ Xu ကပြောပါတယ်။ လူမှုအဝန်းအဝိုင်းအားလုံး ရဲ့ လိုအပ်ချက်တွေကို ပြည့်မီတဲ့အချိန်မှသာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ရနိုင်ပါမယ်လို့လည်း သူကဆိုပါတယ်။

လုံလောက်တဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိတာဟာ ပဋိပက္ခဖြစ်ရတဲ့ အခြေခံအကြောင်းရင်းတခုဖြစ်ပေမယ့် ဖွံ့ဖြိုးတိုးတက်မှုတခုတည်းနဲ့ မလုံလောက်ဘူးဆိုတာကတော့ သေချာပါတယ်လို့ မစ္စတာ Ging ကလည်းပြောပါတယ်။ ပဋိပက္ခအတွက် အဖြေတခုကိုရှာဖို့ စိတ်အားထက်သန်ကြတဲ့ ပြည်ထောင်စုနဲ့ဒေသဆိုင်ရာအဆင့် အစိုးရတာဝန်ရှိသူတွေနဲ့ သူတို့ ဆွေးနွေး ပြောဆိုခဲ့တယ်လို့ မစ္စတာ Xu နဲ့ မစ္စတာ Ging တို့ကပြောကြပါတယ်။

XS
SM
MD
LG