သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့စီးပွား ဆုတ်ယုတ်မှုနဲ့ရင်ဆိုင်ရနိုင်" - ကုလ


တရုတ်ပြည် အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် Xiamen မြို့က ဈေးဆိုင်ခန်းတခု (ဒီဇင်ဘာ ၂၇၊ ၂၀၂၃)
တရုတ်ပြည် အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် Xiamen မြို့က ဈေးဆိုင်ခန်းတခု (ဒီဇင်ဘာ ၂၇၊ ၂၀၂၃)

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ စီးပွားရေးဟာ နှေးကွေးနေပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမယ့်အကြောင်း ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ကမ္ဘာတဝှမ်း ပဋိပက္ခတွေ တိုးလာတာ၊ ကုန်သွယ်ရေး နှောင့်နှေးမှုတွေ ရင်ဆိုင်ရတာ၊ အတိုးနှုန်း ဆက်ပြီး မြင့်တက်နေတာတွေနဲ့ သဘာဝဘေးဒဏ်တွေကြောင့် စီးပွားရေး အခြေအနေ ဆုတ်ယုတ်မှုတွေ ကြုံလာရနိုင်တာကို ထောက်ပြပါတယ်။

၂၀၂၄ မှာ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှု ၂.၇ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပေမဲ့ မျှော်မှန်းထားတာထက် ပိုနည်းပြီး ၂.၄ ရာခိုင်နှုန်း အထိ ကျဆင်းနိုင်တဲ့အကြောင်း နဲ့ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါ ရင်မဆိုင်ရခင် အခြေအနေထက် အောက်ကို ရောက်နိုင်တယ်လို့ ကုလသဂ္ဂရဲ့ စီးပွားရေး အစီရင်ခံစာက ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက်က နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ခန့်မှန်းချက်နဲ့ စီးပွားရေးပေါင်းတူ လုပ်ဆောင်ရေးနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း OECD တို့ရဲ့ နိုဝင်ဘာလကုန် ခန်းမှန်းချက်တွေထက် ပိုပြီး နည်းနေတာပါ။

ငွေချေးငှားဖို့ အခက်အခဲနဲ့ စားရိတ်စားက ကြီးမြင့်မှုတွေကြောင့် ကမ္ဘာ့စီးပွားရေးဟာ လေဆန်ကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးဖြစ်ပြီး အထူးအသဖြင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်တဲ့ ဆင်းရဲတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အကြပ်အတည်းတွေ ကြုံနေရနိုင်တဲ့အကြောင်း ၂၀၂၄ ခုနှစ် ကမ္ဘာ့စီးပွားရေး အခြေအနေနဲ့ အလားအလာ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG