သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှို့ဝှက်ထောက်လှမ်းတဲ့ ကိစ္စ ကန်နဲ့သြစတြေးလျကို အင်ဒို ရှင်းလင်းချက်တောင်း

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်ခံရတဲ့ သြစတေးလျသံအမတ် Greg Moriartyကို သတင်းထောက်တွေက မေးမြန်းနေစဉ်။ ( နိုဝင်ဘာလ ၁၊ ၂၀၁၃)။
အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်ခံရတဲ့ သြစတေးလျသံအမတ် Greg Moriartyကို သတင်းထောက်တွေက မေးမြန်းနေစဉ်။ ( နိုဝင်ဘာလ ၁၊ ၂၀၁၃)။
အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်နဲ့ အရှေ့တိမော နိုင်ငံတွေမှာရှိတဲ့ သြစတြေးလျ သံရုံးတွေကို အမေရိကန်ရဲ့လျိူ့ဝှက် ထောက်လှမ်းရေး လုပ်ငန်းတွေ လုပ်ခွင့်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် သြစတြေးလျ သံအမတ်ကို အင်ဒိုနီးရှားက ဆင့်ခေါ်ခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံအနေနဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရသလို၊ လက်မခံနိုင်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက်လည်း ရှင်းလင်းချက်ပေးဖို့ သြစတြေးလျနဲ့ အမေရိကန် အာဏာပိုင်တွေကို တောင်းဆိုထားတဲ့ အကြောင်း တွေ့ဆုံမှုအပြီးမှာပဲ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ပြောဆိုခဲ့တာပါ။

အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ ရဲ့ကန်ထရိုက် ဝန်ထမ်းဟောင်း Edward Snowden ထံကနေ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေကို အခြေခံဖော်ပြခဲ့တဲ့ သတင်းတွေမှာတော့ ဂျကာတာမြို့တော် အမေရိကန် သံရုံးဟာ သမ္မတ Susilo Bambang Yudhoyono အပါအဝင် အင်ဒိုနီးရှား ခေါင်းဆောင်တွေကို စောင့်ကြည့် ထောက်လှမ်းခဲ့ကြောင်း ဖော်ပြထားပါတယ်။ အင်ဒိုနီးရှား ခေါင်းဆောင်တွေကို စောင့်ကြည့်ဖို့ ကြားဖြတ်နားထောင်တဲ့ ကရိယာတွေ တပ်ဆင်ထားပြီး ထောက်လှမ်းရေး ရုံးကိုလည်း အမေရိကန် သံရုံးဝင်းထဲမှာ စနစ်တကျ လျိူ့ဝှက်တည်ဆောက်ထားတယ်လို့လည်း ဆိုပါတယ်။

စွပ်စွဲချက်တွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် အဆင့်မြင့် သံတမန်ကိုလည်း ရှင်းလင်းချက်ပေးဖို့ ဆင့်ခေါ်ခဲ့တာပါ။ အင်ဒိုနီးရှား သံတမန်တွေကတော့ အမေရိကန်ရဲ့ ထောက်လှမ်းရေး လုပ်ငန်းတွေဟာ လုံခြုံရေးကို ချိုးဖောက်ရာ ရောက်ရုံသာမက သံတမန် ကျင့်ဝတ်တွေကို ဖောက်ဖျက်ရာ ရောက်တယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG