သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အမေရိကန်ကြိုဆို


ထိပ်သီးခြောက်ဦးဆွေးနွေးပွဲမစခင် တွေ့ရသည့် (ဝဲမှယာ) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုှုင်၊ ဦးခင်အောင်မြင့်၊ ဒေါက်တာ အေးမောင်နှင့် ဒေါ်အောင်ဆန်းစုကြည်။ မေ ၁၀၊ ၂၀၁၅။
ထိပ်သီးခြောက်ဦးဆွေးနွေးပွဲမစခင် တွေ့ရသည့် (ဝဲမှယာ) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုှုင်၊ ဦးခင်အောင်မြင့်၊ ဒေါက်တာ အေးမောင်နှင့် ဒေါ်အောင်ဆန်းစုကြည်။ မေ ၁၀၊ ၂၀၁၅။

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အတိုက်အခံအပါအဝင် အဓိကကျတဲ့ခေါင်းဆောင်တွေနဲ့ အဆင့်မြင့် ဆွေးနွေးပွဲတရပ်ကို သမ္မတဦးသိန်းစိန်က ခေါ်ယူကျင်းပတဲ့အပေါ် ကြိုဆိုတယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါ တယ်။

“ပြုပြင်ပြောင်းလဲရေးဆီဦးတည်တဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအရေးပါပါတယ်။ ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ် ရေးကို ရှေ့တိုးလုပ်ဆောင်နိုင်ရေးတို့အတွက် အတူတကွ လုပ်ဆောင်ကြဖို့ မြန်မာ့နိုင်ငံရေးသမားတွေကို ကျနော်တို့ ဆက်ပြီး တိုက်တွန်းပါတယ်။ ဒါ့အပြင် ယုံကြည်လက်ခံနိုင်တဲ့၊ အားလုံးပါဝင်တဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေ ကနေတဆင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးပေးကြဖို့ တိုက်တွန်းပါတယ်။” လို့ အမေရိကန်နိုင်ငံခြားရေး ဌာန၊ သတင်းပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

XS
SM
MD
LG