သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လူနေမှူဘဝ မြှင့်တင်ရေး ကူညီဖို့ EU ကမ်းလှမ်း


EU ဌာနချုပ်။
EU ဌာနချုပ်။
EU ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံက မြန်မာနိုင်ငံမှာ ရှိတဲ့ သံရုံးတွေက ကိုယ်စားလှယ်တွေဟာ ရခိုင်ပြည်နယ်ကို လေးရက်ကြာ ခရီးထွက်ခဲ့ပြီး နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး အခြေအနေတွေကို လေ့လာသုံးသပ်ခဲ့ကြကြောင်း သတင်း ထုတ်ပြန်လိုက်ပါတယ်။ ဒီခရီးစဉ်အတွင်း စစ်တွေ၊ မောင်တော၊ မြောက်ဦး နဲ့ မြေပုံမြို့နယ်တွေကို သွားရောက်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ရော မူစလင် အသိုင်းအဝိုင်းနဲ့ပါ တွေ့ဆုံပြီး နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ မြို့မိမြို့ဖတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း၊ ပြဿနာဖြစ်နေ တဲ့ မောင်တောမြို့က ဒုချီးရားတန်းကျေးရွာကသွားရောက်ခဲ့ပြီး ရွာသူရွာသားတွေရဲ့ အသံကို နားထောင်ခဲ့ကြကြောင်း၊ စုံစမ်းစစ်ဆေးတဲ့ ခရီးစဉ်မဟုတ်ကြောင်း၊ သမ္မတဦးသိန်းစိန်ကို စုံစမ်းစစ်ဆေးရေး တာဝန်ပေးအပ်တာကို ကြိုဆိုတဲ့ အကြောင်းလည်း ဖော်ပြထားပါတယ်။

ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ သမိုင်းကြောင်း၊ ပိုင်နက်နယ်မြေနဲ့ အသိုင်းအဝိုင်း နှစ်ခုအကြား လူဦးရေ တိုးပွားမှု မမျှမတ ဖြစ်တာတွေ စတဲ့ စိုးရိမ်မှုတွေကိုလည်း နားလည်စာနာပါကြောင်း၊ EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကို အခိုင်အမာထောက်ခံနေပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းတစ်ရာ လောလောဆယ် ပံ့ပိုးကူညီနေပါကြောင်း ဖော်ပြထားပါတယ်။

EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကတော့ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဒိန်းမတ်၊ ချက်ပြည်သူ့သမ္မတနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG