သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လရဲ့လေထုလေ့လာမယ့် စက်ရုပ် NASA ထပ်လွှတ်


အမေရိကန်အာကသစခန်းက လူမပါဘဲ လပေါ်က လေနဲ့သဘာဝပတ်ဝန်းကျင်ကိုလေ့လာမယ့် စက်ရုပ်ကို စေလွှတ်လိုက်တဲ့ ဒုံးကျည်လွှတ်တင်နေစဉ်။ (စက်တင်ဘာ ၈၊ ၂၀၁၃)
အမေရိကန်အာကသစခန်းက လူမပါဘဲ လပေါ်က လေနဲ့သဘာဝပတ်ဝန်းကျင်ကိုလေ့လာမယ့် စက်ရုပ်ကို စေလွှတ်လိုက်တဲ့ ဒုံးကျည်လွှတ်တင်နေစဉ်။ (စက်တင်ဘာ ၈၊ ၂၀၁၃)
အမေရိကန်အာကာသအေဂျင်စီရဲ့ လကမ္ဘာ လေ့လာရေးစီမံကိန်း ပြန်စနေပြီဖြစ်ပါတယ်။

လပေါ်မှာရှိတဲ့ လေနဲ့ သဘာဝပတ်ဝန်းကျင် အနေအထားတွေ၊ မြေမှုန်တွေကို လေ့လာမယ့် စက်ရုပ်တစ်ရုပ်ကို တင်ဆောင်ထားတဲ့ လူမပါတဲ့ ဒုံးကျည်တစ်စင်းကို ဗာဂျီးနီးယားပြည်နယ်၊ အရှေ့ဘက်ကမ်းခြေကနေ သောကြာနေ့ည နှောင်းပိုင်းက လွှတ်တင်လိုက်ပါတယ်။

‘လ၏လေထုနှင့် မြေသဘာဝပတ်ဝန်းကျင် လေ့လာစူးစမ်းရေး’ LADEE - လို့ အမည်ပေးထားတဲ့ စက်ရုပ်ဟာ ကားငယ်လေးတစ်စီးရဲ့ အရွယ်အစားရှိပြီး လကို ရက် ၁ဝဝ ကြာ လှည့်ပတ်ပြီးတော့ အချက်အလက်တွေကို စုဆောင်းရယူမှာဖြစ်ပါတယ်။

လရဲ့ပါးလွှာတဲ့လေထုဟာ ကမ္ဘာကြီးအပါအဝင်ဖြစ်တဲ့ နေစကြာဝဠာမှာရှိတာနဲ့ တူညီနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆတဲ့အတွက် အဲဒီလေထုအကြောင်း ပိုပြီး လေ့လာ သိရှိချင်နေကြတာပါ။ အဲဒီလိုလေ့လာတာကနေ ရလာတဲ့ အချက်အလက်တွေဟာ အရွယ်အစားကြီးမားတဲ့ ဂြိုဟ်တွေနဲ့ အင်္ဂါဂြိုဟ်အပါအဝင် တခြားဂြိုဟ်တွေအကြောင်း ပိုပြီးနားလည်အောင် လေ့လာတဲ့နေရာတွေမှာ သိပ္ပံပညာရှင်တွေကို အထောက်အကူဖြစ်စေနိုင်မှာပါ။

အရင်တုန်းက လ-လေ့လာရေး အစီအစဉ်အများစုကို တောင်ပိုင်းက ဖလော်ရီဒါပြည်နယ်ကနေ လွှတ်တင်ခဲ့တာပါ။ ဗာဂျီးနီးယား ပြည်နယ်ကနေ ပထမဆုံးလွှတ်တင်တဲ့ အခုအစီအစဉ်ကိုတော့ လူပေါင်း သန်း ၅ဝ ကျော်နေထိုင်တဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း နေရာအများအပြားကနေ မြင်တွေ့ခဲ့ရပါတယ်။
XS
SM
MD
LG