သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာစစ်ကောင်စီကို ရုရှားနဲ့တရုတ်လက်နက်ထောက်ပံ့မှု ကုလကိုယ်စားလှယ်ဝေဖန်


မြန်မာတိုက်လေယာဉ်များ စစ်ရေးပြ ပျံသန်းနေစဉ်။ (ယခင်ပုံဟောင်း) 
မြန်မာတိုက်လေယာဉ်များ စစ်ရေးပြ ပျံသန်းနေစဉ်။ (ယခင်ပုံဟောင်း) 


[[Zawgyi/Unicode]]

အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာအရပ်သားပြည်သူတွေကို တိုက်ခိုက်ဖြိုခွင်းရာမှာသုံးဖို့ ဂျက်တိုက်လေယာဉ်တွေနဲ့ သံချပ်ကာကားတွေကို ရုရှားနဲ့တရုတ်လို ပြည်ပနိုင်ငံတွေကနေ လက်ခံရရှိနေတယ်လို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

"စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကျူးလွန်တာတွေ သက်သေအထောက်အထား ရှိနေပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှးနိုင်ငံတို့က ဂျက်တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေ တော်တော်များများ စစ်ကောင်စီကို ကူပေးနေတယ်" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ "အဲဒီလိုပဲ ဆားဘီးယားနိုင်ငံကလဲ ဒုံးကျည်တွေ အမြောက်တွေကို မြန်မာစစ်အစိုးရဆီ တင်ပို့ဖို့ ခွင့်ပြုထားတယ်"လို့ သူက ဆိုပါတယ်။

ဒီလို လက်နက်ထောက်ပံ့မှုတွေကို ရပ်ဆိုင်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့် အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews က တောင်းဆိုခဲ့ပါတယ်။

"အရပ်သားပြည်သူတွေကိုသတ်ဖို့ သုံးတဲ့လက်နက်တွေ မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့မှု မပေးသင့်ဘူး" လို့ သူက အလေးအနက်ပြောကြားခဲ့ပါတယ်။

စစ်တပ်ရဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့၊ နိုင်ငံခြားငွေလဲလှယ်မှုတွေ ဖြတ်တောက်ဖို့ကိုလဲ သူက တိုက်တွန်းထားသလို စစ်ကောင်စီဆီက သစ်နဲ့ ရှားပါးတွင်းထွက်ပစ္စည်းလို သယံဇာတတွေ ဝယ်ယူတာတွေ မလုပ်ဖို့ ပြည်နယ်နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ကုလအထူးကိုယ်စားလှယ် Thomas Andrews တားမြစ် တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]






XS
SM
MD
LG