သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန္႔တိုက္ပြဲ စစ္ေျပးဒုကၡသည္ေတြ ေနထိုင္စားေသာက္ေရး ခက္ခဲ 


ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္ ဆယ္ဇင္းေက်းရြာ (Crd: MIMU)

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္း႐ြာမွာ မၾကာခင္ကျဖစ္ခဲ့တဲ့ တိုက္ပြဲေၾကာင့္ တိမ္းေရွာင္လာတဲ့စစ္ေျပးဒုကၡသည္ေတြဟာ တာမခန္ေက်း႐ြာအနီးတဝိုက္မွာ ၅၀၀ ေက်ာ္ေလာက္ ရွိေနဆဲပဲလို႔ ဒုကၡသည္ ကယ္ဆယ္ေရးအဖြဲ႔ေတြက ေျပာပါတယ္။ ဖားကန႔္ၿမိဳ႕ဝန္းက်င္မွာလည္း ၅၀၀ ေက်ာ္ေလာက္ ခိုလႈံေနဆဲျဖစ္ၿပီး လူမႈေရးအသင္းေတြ၊ အလႉရွင္ေတြက ကူညီ ေစာင့္ေရွာက္ထားေပမယ့္ ေရရွည္မွာ အခက္အခဲ ရွိလာႏိုင္တယ္လို႔လည္း VOA ကို ေျပာပါတယ္။ ဖားကန႔္ၿမိဳ႕နယ္အတြင္း လက္နက္ ကိုင္ပဋိပကၡနဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ေျပးဒုကၡသည္ေတြ တိုးလာေနတဲ့ အေျခအေနဟာ စိုးရိမ္စရာအေနအထားမွာ ေရာက္ေနတယ္လို႔ ကုလသမဂၢ အဖြဲ႕အစည္းေတြက ေျပာဆိုထားပါတယ္။ ကခ်င္ျပည္နယ္က စစ္ေရွာင္အေျခအေန ရန္ကုန္က သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာက စစ္ေကာင္စီနဲ႔ ရွမ္းနီ SNA တပ္ဖြဲ႕ရဲ႕ အေျခစိုက္စခန္းေတြကို KIA နဲ႔ PDF ပူးေပါင္းတပ္ေတြက ထိုးစစ္ဆင္ခဲ့သလို စစ္ေကာင္စီဘက္ကလည္း ေလေၾကာင္းက ျပန္လွန္ တိုက္ခိုက္ခဲ့တဲ့ေနာက္ တိုက္ပြဲ ျပင္းထန္ခဲ့ပါတယ္။ ဒီလ ၈ ရက္နဲ႔ ၉ ရက္ တိုက္ပြဲေတြေၾကာင့္ အနည္းဆုံး ေနအိမ္ ၄၀၀ ေလာက္ မီးေလာင္ခဲ့ရၿပီး ဆယ္ဇင္းေက်း႐ြာနဲ႔ အနီးအနား႐ြာေတြက ေဒသခံ ၂,၀၀၀ ေက်ာ္ေလာက္ဟာ တာမခန္နဲ႔ ဖားကန႔္ၿမိဳ႕ဘက္ကို တိမ္းေရွာင္ခဲ့ၾကရပါတယ္။

တာမခန္နဲ႔ အနီးအနား ေက်း႐ြာေတြမွာ ခိုလႈံေနတဲ့ စစ္ေျပးဒုကၡသည္ေတြရဲ႕အေျခအေန ဒုကၡသည္ေတြကို ကူညီေပးေနသူူတဦးက VOA ကို အခုလို ေျပာျပပါတယ္။

“စစ္ေရွာင္ေတြက ေလာေလာဆယ္ေတာ့ တာမခန္မွာ ၅၀ ေလာက္ရွိတယ္။ ေနာက္ၿပီးေတာ့ ခိုမမွာက ၂၀၀ ေက်ာ္ေလာက္ရွိေသးတယ္။ ေနာက္ ေ႐ႊေတာင္ေက်ာ္တို႔၊ နန႔္ေရေတာင္တို႔ အဲဒီ ႐ြာေလးေတြမွာလည္း ၁၅၀၊ ၂၀၀ ေလာက္ေတာ့ ရွိၾကတယ္ဗ်။ အားလုံးေပါင္းဆို ၄- ၅ ရာေလာက္ေတာ့ ရွိအုံးမယ္ဗ်။ ဖားကန႔္တက္သြားတာေတြေရာ၊ ေနာက္ၿပီး သူတို႔ ေဒသနဲ႔ သူတို႔ ျပန္သြားတာေတြေရာ ေတာ္ေတာ္ေတာ့ မ်ားတယ္။ ေထာင္ေတာ့ခ်ီမယ္။”

ဆယ္ဇင္း႐ြာမွာ တိုက္ပြဲျပင္းထန္ခဲ့တဲ့ေနာက္ ဒီလ ၁၁ ရက္ေန႔မွာ လူေထာင္နဲ႔ခ်ီၿပီး တာမခန္ကို ေရာက္လာခဲ့တာပါ။ တာမခန္မွာ ေနရာထိုင္ခင္း အခက္အခဲရွိတာေၾကာင့္ စစ္ေျပးဒုကၡသည္ေတြကို ဖားကန႔္ၿမိဳ႕နဲ႔ လုံးခင္း၊ ဆိပ္မူစတဲ့ ေက်း႐ြာေတြကို ျဖန႔္ခြဲ ေနရာခ်ထားခဲ့ရပါတယ္။

ဖားကန႔္ၿမိဳ႕အနီးအနားေက်း႐ြာေတြက စစ္ေျပးဒုကၡသည္ေတြ အေျခအေနကို ဖားကန႔္ေဒသက ကူညီသူတဦးက VOA ကို အခုလို ေျပာပါတယ္။

“ေရာက္တယ္။ ဖားကန႔္မွာ ေရာက္တယ္။ ေမွာ္ဆီဇာ ဘုန္းႀကီးေက်ာင္းမွာရယ္။ နမ့္မျဖစ္ ဘုန္းႀကီးေက်ာင္းမွာရယ္။ ေနာက္ၿပီး မမုံ႐ြာဘုန္းႀကီးေက်ာင္းမွာရယ္။ ဒီ ၃ ေနရာေရာက္တယ္။ အဲဒီမမုံဘုန္းႀကီးေက်ာင္းမွာ ၂၂၀ ရွိတယ္။ တျခားေနရာမွာလည္း အဲလို ၂၀၀ ေက်ာ္၊ ၂၀၀ ေက်ာ္ေလာက္ အဲလို ခြဲထားတာေလ။ ၆၀၀၊ ၇၀၀ ေလာက္ရွိမယ္၊ အားလုံးကေတာ့။ က်ေနာ္တို႔ ေဒသက လူမႈကူညီေရးအသင္းေတြ ေပးလႉတာရွိတယ္။ ေနာက္ ျမစ္ႀကီးနားက CSO အဖြဲ႔အစည္းေတြ အဲလို လာလႈတာရွိတယ္။”

တာမခန္က စစ္ေရွာင္ေတြကို ကူညီသူကေတာ့ အလႉရွင္ေတြမရွိရင္ ေရရွည္မွာ စစ္ေရွာင္ေတြရဲ႕ စားေရးေသာက္ေရးဟာ အခက္အခဲရွိလာႏိုင္ေၾကာင္း အခုလို ေျပာပါတယ္။

“အခက္အခဲကေတာ့ ေကြၽးဖို႔၊ ေမြးဖို႔ေတြေပါ့ေနာ။ က်ေနာ္တို႔ဘက္ကလည္း အဲလိုမ်ိဳး အလႉရွင္နဲ႔ေတာ့ သြားတာဗ်။ အလႉရွင္ေတြ ရွိေနသ၍ေတာ့ ေကြၽးႏိုင္၊ ေမြးႏိုင္ေသးတာေပါ့ဗ်ာ။ အဲဒါလည္း ေရရွည္မွာဆိုရင္ေတာ့ ခက္ခဲမွာေပါ့။”

ဆယ္ဇင္း႐ြာက တိမ္းေရွာင္လာသူအခ်ိဳ႕ဟာ ျမစ္ႀကီးနား၊ မိုးညႇင္း၊ မိုးေကာင္း၊ ဟိုပင္၊ မႏၲေလး စတဲ့ အရပ္ဘက္ကို သြားေရာက္တာေတြလည္း ရွိပါတယ္။

KIA က ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက ဆယ္ဇင္းေက်း႐ြာဘက္မွာ စစ္ေရးတင္းမာမႈေတြ ဆက္ရွိေနေၾကာင္း အခုလို ေျပာပါတယ္။

“အခုေလာေလာဆယ္ကေတာ့ တိုက္ပြဲျပန္ျဖစ္တဲ့သတင္းကေတာ့ မတက္ဘူးခင္ဗ်။ စစ္ကိုင္းတိုင္းအစပ္ေတြေပ့ါေနာ္။ အဲဒီဘက္မွာ စစ္ေကာင္စီဘက္က ထိုးထားတဲ့ စစ္ေၾကာင္းေတြ မ႐ုပ္သိမ္းေသးဘူးဆိုေတာ့ စစ္ေရးကေတာ့ တင္းမာတဲ့အေနအထားျဖစ္ပါတယ္။”

ဆယ္ဇင္းေက်း႐ြာဟာ ကခ်င္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္း ထိစပ္ေနတဲ့ေဒသမွာတည္ရွိတာျဖစ္ပါတယ္။ ဒီရက္ပိုင္းမွာေတာ့ ကခ်င္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္း ထိစပ္ေနတဲ့ ကသာၿမိဳ႕နယ္ ဘန႔္ေဘြးကုန္း႐ြာဘက္မွာလည္း စစ္ေကာင္စီတပ္နဲ႔ KIA၊ PDF ပူးေပါင္းတပ္ေတြၾကား တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီက ေလေၾကာင္းကပါ တိုက္ခိုက္ ခဲ့ေၾကာင္း ေဒသတြင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပေပမယ့္ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ သတင္းအေသးစိတ္မသိရေသးဘူးလို႔ ေျပာပါတယ္။

ကုလသမဂၢ လူသားခ်င္းစာနာမႈကူညီမႈ ညွိႏိႈင္းေရး႐ုံး UNOCHA က ေနာက္ဆုံးထုတ္ ျပန္တဲ့အစီရင္ခံစာမွာ ဂ်ဴလိုင္လေနာက္ပိုင္း ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ အတြင္း လက္နက္ကိုင္ပဋိပကၡနဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ေျပးဒုကၡသည္ေတြ တိုးလာေနတဲ့အတြက္ အေျခအေန စိုးရိမ္စရာ အေနအထား ေရာက္ေနတဲ့အေၾကာင္း သတိေပးထားပါတယ္။

ဆယ္ဇင္းေက်း႐ြာမွာ အိမ္ေျခ ၃၀၀ ေလာက္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး လူ ၂,၀၀၀ ေလာက္ အိုးအိမ္စြန႔္ခြာထြက္ေျပးေနတဲ့အတြက္ ကုလသမဂၢ လူသားခ်င္းစာနာမႈကူညီမႈ ညႇိ႔ႏိုင္းေရး႐ုံး UNOCHA က အကူညီေတြ ေပးပို႔ေနတဲ့အေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေတာ့ ျမန္မာစစ္တပ္က အရပ္သား လူေနအိမ္ေတြ ေက်း႐ြာေတြကို မီးရႈိ႕ဖ်က္ဆီးမႈ မရွိဘူးလို႔ ၿပီးခဲ့တဲ့ ရက္ပိုင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္နဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာဆိုထားပါတယ္။

ဒါေပမယ့္လည္း လက္နက္ကိုင္တိုက္ပြဲေတြအတြင္း ေက်း႐ြာေတြမွာ မီးရႈိ႕ဖ်က္ဆီးခံရတဲ့ သတင္းေတြ ရက္ဆက္ထြက္ေပၚေနၿပီး အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ေနအိမ္စြန႔္ခြာထြက္ေျပးရသူ ၉ သိန္းေက်ာ္အပါအဝင္ ျပည္တြင္း အိုးမဲ့အိမ္မဲ့ ခိုကိုးရာမဲ့ ဒုကၡေရာက္ေနတဲ့သူ ၁ သန္း ၂ သိန္း ရွိသြားၿပီလို႔ ကုလသမဂၢ လူသားခ်င္းစာနာမႈကူညီမႈ ညႇိႏိႈင္းေရး႐ုံး UNOCHA က ေျပာပါတယ္။

ဖားကန႔္ၿမိဳ႕နယ္အတြင္း ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြကို အကူအညီေပးႏိုင္ဖို႔ အတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြအားလုံးနဲ႔ ဆက္သြယ္ေဆာင္႐ြက္ေနတဲ့အေၾကာင္း UNOCHA က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ဖားကန့်တိုက်ပွဲ စစ်ပြေးဒုက္ခသည်တွေ နေထိုင်စားသောက်ရေး ခက်ခဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာမှာ မကြာခင်ကဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့စစ်ပြေးဒုက္ခသည်တွေဟာ တာမခန်ကျေးရွာအနီးတဝိုက်မှာ ၅၀၀ ကျော်လောက် ရှိနေဆဲပဲလို့ ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဖားကန့်မြို့ဝန်းကျင်မှာလည်း ၅၀၀ ကျော်လောက် ခိုလှုံနေဆဲဖြစ်ပြီး လူမှုရေးအသင်းတွေ၊ အလှူရှင်တွေက ကူညီ စောင့်ရှောက်ထားပေမယ့် ရေရှည်မှာ အခက်အခဲ ရှိလာနိုင်တယ်လို့လည်း VOA ကို ပြောပါတယ်။ ဖားကန့်မြို့နယ်အတွင်း လက်နက် ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တိုးလာနေတဲ့ အခြေအနေဟာ စိုးရိမ်စရာအနေအထားမှာ ရောက်နေတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။ ကချင်ပြည်နယ်က စစ်ရှောင်အခြေအနေ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာက စစ်ကောင်စီနဲ့ ရှမ်းနီ SNA တပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းက ပြန်လှန် တိုက်ခိုက်ခဲ့တဲ့နောက် တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ ဒီလ ၈ ရက်နဲ့ ၉ ရက် တိုက်ပွဲတွေကြောင့် အနည်းဆုံး နေအိမ် ၄၀၀ လောက် မီးလောင်ခဲ့ရပြီး ဆယ်ဇင်းကျေးရွာနဲ့ အနီးအနားရွာတွေက ဒေသခံ ၂,၀၀၀ ကျော်လောက်ဟာ တာမခန်နဲ့ ဖားကန့်မြို့ဘက်ကို တိမ်းရှောင်ခဲ့ကြရပါတယ်။

တာမခန်နဲ့ အနီးအနား ကျေးရွာတွေမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့အခြေအနေ ဒုက္ခသည်တွေကို ကူညီပေးနေသူူတဦးက VOA ကို အခုလို ပြောပြပါတယ်။

“စစ်ရှောင်တွေက လောလောဆယ်တော့ တာမခန်မှာ ၅၀ လောက်ရှိတယ်။ နောက်ပြီးတော့ ခိုမမှာက ၂၀၀ ကျော်လောက်ရှိသေးတယ်။ နောက် ရွှေတောင်ကျော်တို့၊ နန့်ရေတောင်တို့ အဲဒီ ရွာလေးတွေမှာလည်း ၁၅၀၊ ၂၀၀ လောက်တော့ ရှိကြတယ်ဗျ။ အားလုံးပေါင်းဆို ၄- ၅ ရာလောက်တော့ ရှိအုံးမယ်ဗျ။ ဖားကန့်တက်သွားတာတွေရော၊ နောက်ပြီး သူတို့ ဒေသနဲ့ သူတို့ ပြန်သွားတာတွေရော တော်တော်တော့ များတယ်။ ထောင်တော့ချီမယ်။”

ဆယ်ဇင်းရွာမှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့နောက် ဒီလ ၁၁ ရက်နေ့မှာ လူထောင်နဲ့ချီပြီး တာမခန်ကို ရောက်လာခဲ့တာပါ။ တာမခန်မှာ နေရာထိုင်ခင်း အခက်အခဲရှိတာကြောင့် စစ်ပြေးဒုက္ခသည်တွေကို ဖားကန့်မြို့နဲ့ လုံးခင်း၊ ဆိပ်မူစတဲ့ ကျေးရွာတွေကို ဖြန့်ခွဲ နေရာချထားခဲ့ရပါတယ်။

ဖားကန့်မြို့အနီးအနားကျေးရွာတွေက စစ်ပြေးဒုက္ခသည်တွေ အခြေအနေကို ဖားကန့်ဒေသက ကူညီသူတဦးက VOA ကို အခုလို ပြောပါတယ်။

“ရောက်တယ်။ ဖားကန့်မှာ ရောက်တယ်။ မှော်ဆီဇာ ဘုန်းကြီးကျောင်းမှာရယ်။ နမ့်မဖြစ် ဘုန်းကြီးကျောင်းမှာရယ်။ နောက်ပြီး မမုံရွာဘုန်းကြီးကျောင်းမှာရယ်။ ဒီ ၃ နေရာရောက်တယ်။ အဲဒီမမုံဘုန်းကြီးကျောင်းမှာ ၂၂၀ ရှိတယ်။ တခြားနေရာမှာလည်း အဲလို ၂၀၀ ကျော်၊ ၂၀၀ ကျော်လောက် အဲလို ခွဲထားတာလေ။ ၆၀၀၊ ၇၀၀ လောက်ရှိမယ်၊ အားလုံးကတော့။ ကျနော်တို့ ဒေသက လူမှုကူညီရေးအသင်းတွေ ပေးလှူတာရှိတယ်။ နောက် မြစ်ကြီးနားက CSO အဖွဲ့အစည်းတွေ အဲလို လာလှုတာရှိတယ်။”

တာမခန်က စစ်ရှောင်တွေကို ကူညီသူကတော့ အလှူရှင်တွေမရှိရင် ရေရှည်မှာ စစ်ရှောင်တွေရဲ့ စားရေးသောက်ရေးဟာ အခက်အခဲရှိလာနိုင်ကြောင်း အခုလို ပြောပါတယ်။

“အခက်အခဲကတော့ ကျွေးဖို့၊ မွေးဖို့တွေပေါ့နော။ ကျနော်တို့ဘက်ကလည်း အဲလိုမျိုး အလှူရှင်နဲ့တော့ သွားတာဗျ။ အလှူရှင်တွေ ရှိနေသ၍တော့ ကျွေးနိုင်၊ မွေးနိုင်သေးတာပေါ့ဗျာ။ အဲဒါလည်း ရေရှည်မှာဆိုရင်တော့ ခက်ခဲမှာပေါ့။”

ဆယ်ဇင်းရွာက တိမ်းရှောင်လာသူအချို့ဟာ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ မန္တလေး စတဲ့ အရပ်ဘက်ကို သွားရောက်တာတွေလည်း ရှိပါတယ်။

KIA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆယ်ဇင်းကျေးရွာဘက်မှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေကြောင်း အခုလို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ တိုက်ပွဲပြန်ဖြစ်တဲ့သတင်းကတော့ မတက်ဘူးခင်ဗျ။ စစ်ကိုင်းတိုင်းအစပ်တွေပေ့ါနော်။ အဲဒီဘက်မှာ စစ်ကောင်စီဘက်က ထိုးထားတဲ့ စစ်ကြောင်းတွေ မရုပ်သိမ်းသေးဘူးဆိုတော့ စစ်ရေးကတော့ တင်းမာတဲ့အနေအထားဖြစ်ပါတယ်။”

ဆယ်ဇင်းကျေးရွာဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ထိစပ်နေတဲ့ဒေသမှာတည်ရှိတာဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ထိစပ်နေတဲ့ ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကပါ တိုက်ခိုက် ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပေမယ့် ဗိုလ်မှူးကြီးနော်ဘူကတော့ သတင်းအသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုကူညီမှု ညှိနှိုင်းရေးရုံး UNOCHA က နောက်ဆုံးထုတ် ပြန်တဲ့အစီရင်ခံစာမှာ ဂျူလိုင်လနောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တိုးလာနေတဲ့အတွက် အခြေအနေ စိုးရိမ်စရာ အနေအထား ရောက်နေတဲ့အကြောင်း သတိပေးထားပါတယ်။

ဆယ်ဇင်းကျေးရွာမှာ အိမ်ခြေ ၃၀၀ လောက် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူ ၂,၀၀၀ လောက် အိုးအိမ်စွန့်ခွာထွက်ပြေးနေတဲ့အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှုကူညီမှု ညှိ့နိုင်းရေးရုံး UNOCHA က အကူညီတွေ ပေးပို့နေတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာစစ်တပ်က အရပ်သား လူနေအိမ်တွေ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှု မရှိဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း လက်နက်ကိုင်တိုက်ပွဲတွေအတွင်း ကျေးရွာတွေမှာ မီးရှို့ဖျက်ဆီးခံရတဲ့ သတင်းတွေ ရက်ဆက်ထွက်ပေါ်နေပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ နေအိမ်စွန့်ခွာထွက်ပြေးရသူ ၉ သိန်းကျော်အပါအဝင် ပြည်တွင်း အိုးမဲ့အိမ်မဲ့ ခိုကိုးရာမဲ့ ဒုက္ခရောက်နေတဲ့သူ ၁ သန်း ၂ သိန်း ရှိသွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုကူညီမှု ညှိနှိုင်းရေးရုံး UNOCHA က ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်း ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့အကြောင်း UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG