သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေး အမျိုးအစားသစ်တွေ ကမ္ဘာတလွှားများပြား


ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ methamphetamine စိတ်ကြွဆေးပြားများ။
ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ methamphetamine စိတ်ကြွဆေးပြားများ။
အရှေ့နဲ့ အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်မားလာနေတာဟာ ကမ္ဘာတဝှမ်း methamphetamine စိတ်ကြွဆေးပြားနဲ့ အခြား စိတ်ကြွဆေး အမျိုးအစားသစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်မှုနှုန်း တိုးလာစေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး UNODC က ဒီကနေ့ အစီရင်ခံစာသစ် ထုတ်ပြန်လိုက်ပါတယ်။

အရှေ့နဲ့ အရှေ့တောင်အာရှ၊ မြောက်အမေရိကမှာ အဖမ်းအဆီးတွေ အများဆုံး ဖြစ်ခဲ့တဲ့အပြင် တကမ္ဘာလုံးမှာလည်း စိတ်ကြွဆေးပြားနဲ့ ပတ်သက်လို့ အများအပြား ဖမ်းဆီးခံရတဲ့အကြောင်း ၂၀၁၄ ခုနှစ် မူးယစ်စိတ်ကြွဆေး သုံးစွဲမှုဆိုင်ရာ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာမှာ ATS လို့ခေါ်တဲ့ methamphetamine စိတ်ကြွဆေးပြား အများဆုံး ထုတ်လုပ်တဲ့ အာရှမှာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဖမ်းဆီးခံရတဲ့ စိတ်ကြွဆေး တန်ချိန် စုစုပေါင်း ၃၆ တန်ရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံမှာ ဖမ်းဆီးခံရတဲ့ စိတ်ကြွဆေးတန်ချိန် စုစုပေါင်းဟာ နောက်ဆုံး အစီရင်ခံစာအရဆိုရင် တန်ပေါင်း ၁၆ သန်းတောင် ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ အာရှဒေသတခုလုံးရဲ့ စိတ်ကြွဆေးထုတ်လုပ်မှု ၄၅% နှုန်းလောက် ရှိနေတာပါ။

ထိုင်းနိုင်ငံမှာဆိုရင်လည်း လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း စိတ်ကြွဆေးပြားထုတ်လုပ်မှုဟာ တဖြေးဖြေး မြင့်မားလာနေပြီး မကြာသေးမီက သမိုင်းတွင်လောက်အောင် များပြားတဲ့ စိတ်ကြွဆေးပြား ၉၅ သန်းနဲ့ အခဲအတောင့် တန်ချိန် ၁ သန်းခွဲကျော်ထိ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အာရှမှာ သုံးစွဲမှုနှုန်း များလာတဲ့ စိတ်ကြွဆေးပြားတွေအတွက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ အဓိကအခြေပြုပြီး ထုတ်လုပ်နေကြတာပါ။

ဒါ့အပြင် စနစ်တကျ ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေကနေ မက္ကဆီကို၊ အရှေ့အလယ်ပိုင်း၊ တောင်နဲ့ အနောက်အာရှ၊ အနောက်အာဖရိကနဲ့ ဂျပန် စတဲ့ ဒေသအနှံ့အပြားဆီကို မူးယစ်ဆေးတွေ အရောင်းအဝယ် လုပ်နေကြတယ်လို့ UNODC ရဲ့ အစီရင်ခံစာက ပြောပါတယ်။
XS
SM
MD
LG