သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးအန္တရာယ် ကုလ သတိပေး


မူးယစ်ဆေးဝယ်ယူဖို့ စောင့်ဆိုင်းနေကြစဉ် (၂၁ စက်တင်ဘာ ၂၀၁၁)
မူးယစ်ဆေးဝယ်ယူဖို့ စောင့်ဆိုင်းနေကြစဉ် (၂၁ စက်တင်ဘာ ၂၀၁၁)
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ သမားရိုးကျ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုတွေဟာ လျော့ပါးလာနေပေမဲ့ လူမြင်သူမြင် တရားဝင် ရောင်းချလို့ရနိုင်တဲ့ ဆေးဝါးတွေကို မူးယစ်ဆေးအဖြစ် သုံးစွဲမှုတွေဟာ စိုးရိမ်ရတဲ့ အဆင့်အထိ ကြီးထွားလာနေတဲ့အကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

နာမည်တွေ ပုံစံတွေ အမျိုးမျိုးနဲ့ ဖန်တီးရောင်းချနေတဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲမှုကြောင့် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေး ပြဿနာတွေ နောက်ဆက်တွဲ ရင်ဆိုင်ရမယ့် အန္တရာယ်တွေ ကြီးကြီးမားမား ရှိနေတယ်လို့လည်း နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) က ဗုဒ္ဓဟူးနေ့ အစီရင်ခံစာသစ် ထုတ်ပြန်ချိန်မှာ ပြောခဲ့တာပါ။

ဘိန်းလို သမားရိုးကျ မူးယစ်ဆေးဝါး ထုတ်လုပ် သုံးစွဲမှုတွေမှာတော့ ကျဆင်းလာနေတဲ့ အကြောင်းလည်း အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ ဒါပေမဲ့လည်း အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဘိန်းထုတ်လုပ်မှု အများဆုံးအဖြစ် ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတဲ့အကြောင်း ပြောဆိုထားတာပါ။

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ မြေဧရိယာရဲ့ ၂၃ ရာခိုင်နှုန်းကို ဘိန်းစိုက်ပျိုးဖို့အတွက် အသုံးပြုခဲ့ပြီး တကမ္ဘာလုံး ဘိန်းထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်း ထွက်ခဲ့တာကြောင့် ကမ္ဘာ့ဒုတိယအများဆုံး ဖြစ်ခဲ့ပေမဲ့ တိုင်းရင်းသား ဒေသတွေမှာ တည်ငြိမ်မှုတွေ ရလာတာနဲ့အမျှ ထုတ်လုပ်မှုတွေ လျော့နည်းလာဖို့ မျှော်လင့်တဲ့အကြောင်း မြန်မာအာဏာပိုင်တွေက ပြောဆိုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG