ထိုင်းနိုင်ငံကနိုင်ငံခြားသားအလုပ်သမားတွေနဲ့ သူတို့အလုပ်ခန့်မယ့် အလုပ်ရှင်တွေအနေနဲ့ မတ်လ ၃၁ရက်နေ့ည၁၂နာရီနောက်ဆုံးထားပြီး အွန်လိုင်းကနေ စားရင်းပေးသွင်းဖို့အတွက် ထိုင်းအလုပ်သမားဝန်ကြိးဌာနကနေထုတ်ပြန်ထားပြီးနောက် စာရင်းပေးမသွင်းနိုင်တဲ့အလုပ်သမား ၆သောင်းနီးပါး ကျန်နေတာကြောင့်သူတို့ဟာနေရပ်ပြန်ရမယ့် အခြေအနေရှိတယ်လို့ထိုင်းနိုင်ငံဘန်ကောက်မြို့ မြန်မာသံရုံးကပြောဆိုပါတယ်။ထိုင်းအခြေစိုက် ဗွီအိုကေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်ရှင်နဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အနေနဲ့ အလုပ်ခန့်အပ်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ မတ်လ ၃၁ရက်နေ ည၁၂နာရီ နောက်ဆုံးထားပြီး အွန်လိုင်းကနေ စာရင်းပေးသွင်းနိုင်ဖို့ထိုင်းအလုပ်သမားဝန်ကြီးဌာန ကနေ စီစဉ်ဆောင်ရွက်ပေးထားပေမယ့် သတ်မှတ်ရက်အတွင်း စာရင်းမသွင်းနိုင်တဲ့သူ ၆သောင်းနီးပါးကျန်နေသေးတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေတဲ့ပညာရေးနဲ့ဖွံဖြိုရေးဖောင်ဒေရှင်းက အလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးက ဆိုပါတယ်။
"၆သောင်းနီးပါးပေါ့ ၅သောင်းနဲံ ၉ထောင်ကျော် သူတို့ကစာရင်းတော့သွားပေးတာပဲ စာရင်းက သတ်မှတ်ထားတဲ့အချိန်ကကျော်သွားတော့ ၁၂နာရီကျော် တော့အကုန်လုံးရပ်သွားတာပေါ့"
ဒီလိုကျန်နေသူတွေအနေနဲ့ လတ်တလော ထိုင်းနိုင်ငံဥပဒေအရ နေရပ်ပြန်ရမယ့် အခြေအနေရှိနေတယ်လို့လည်းမြန်မာသံရံုံးကအလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောပါတယ်။
"ပြန်ရမယ်ပေါ့နော် နောက်ဆုံး ညှိနှိုင်းထားချက်အရ ညှိနှိုင်းမူအရတော့ အဲဒီနေ့မှာကနဦးမှတ်ပုံမတင်ဘူးဆိုရင် ကျနော်တို့က ရှေမှာရှိတဲ့ ကျန်တဲ့ ၃လကို ဆက်ပြီးခံစားခွင့်မရှိဘူးလို့သူတို့ကက်ဘိနက်ကထွက်ထားတယ်လေ။ အဲဒီ ကက်ဘိနက်က ထွက်ထားတဲ့အတိုင်းပဲ လက်ရှိအခြေအနေအထိကတော့ ရလာဒ်မရသေးဘူး ပြန်ရမှာပေါ့နော်သတ်မှတ်ရက်ထက် ကျော်လွန်သွားတဲ့အတွက်ကြောင့် ပေါ့"
တကယ်တော့ အွန်လိုင်းကနေ စာရင်းပေးသွင်းဖို့ရက်က သတ်မှတ်ရက်မတိုင်ခင်ရက်ပိုင်းမှာပဲကြေငြာခဲ့တာမို့အချိန်ကာလက နည်းပါးသလို တချို့အလုပ်သမားတွေကောအလုပ်ရှင်တွေကော အွန်လိုင်းကနေ စာရင်းပေးသွင်းတာမျိုးတွေအတွေအကြုံမရှိတာတွေကြောင့် အခက်အခဲဖြစ်ရတယ်လို့လည်းဦးမင်းဦးကဆိုပါတယ်။
"လကုန်တဲ့ရက်ကနေ ကျနော်တို့တွက်မယ်ဆိုရင်လမကုန်ခင် ၃ရက် ၄ရက်အလိုမှာဝမ်းစတော့ဆားဗစ်စင်တာတွေကနိုင်မှာမဟုတ်ဘူး အွန်လိုင်းစံနစ်ကိုသွင်းပေးပါလို့သူတိုကကြေညာတယ် အွန်လိုင်းစနစ်ဆိုတာအလုပ်သမားတွေကလည်းမကျွမ်းကျင်ဘူး အလုပ်ရှင်အတော်များများကလည်းမရင်းနှီးမကျွမ်းကျင်တော့ အဲဒီမှာမသွင်းခဲ့၇ဘူးပေါ့ "
ဒီအခြေအနေတွေကြောင်နှစ်နိုင်ငံအစိုးရတွေအနေနဲ့ စာရင်းမသွင်းနိုင်တဲ့အလုပ်သမားတွေအတွက်အချိန်ထပ်ပေးဖို့ဆွေးနွေးစေချင်တယ်လို့လည်းအလုပ်သမားရေးဆောင်ရွက်နေသူတွေကဆိုပါတယ် မြန်မာသံရုံးဘက်ကလည်းထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့တတ်နိုင်သလောက်ညှိနှိုင်းမူတွေဆက်လုပ်သွားမယ်လို့လည်းပြောဆိုခဲ့ပါတယ်။