သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့နိုင်ငံ ပြောင်းလဲ


ကုလလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်တာဝန်ထမ်းမယ့် အီကွေဒေါနိုင်ငံသံအမတ်ကြီးက နိုင်ငံတော်အလံကို လာရောက်စိုက်ထူစဉ်။ (ဇန်နဝါရီ ၃၊ ၂၀၂၃)
ကုလလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်တာဝန်ထမ်းမယ့် အီကွေဒေါနိုင်ငံသံအမတ်ကြီးက နိုင်ငံတော်အလံကို လာရောက်စိုက်ထူစဉ်။ (ဇန်နဝါရီ ၃၊ ၂၀၂၃)

[[Zawgyi/Unicode]]

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလှည့်ကျအဖွဲ့ဝင်သစ်တွေဖြစ်လာတဲ့ Ecuador၊ Japan၊ Malta၊ Mozambique နဲ့ Switzerland နိုင်ငံတွေကို လုံခြုံရေးကောင်စီမှာ အင်္ဂါနေ့က တရားဝင် ကြိုဆိုခဲ့ကြပါတယ်။

ဒီနိုင်ငံတွေ အလှည့်ကျအဖွဲ့ဝင်ဖြစ်ရေး အထွေထွေညီလာခံမှာ June လက မဲခွဲရွေးချယ်ရာမှာ ကန့်ကွက်မဲမရှိ အနိုင်ရခဲ့ကြတဲ့အတွက် လုံခြုံရေးကောင်စီမှာ အလှည့်ကျအဖွဲ့ဝင်နိုင်ငံတွေအဖြစ် ၂ နှစ် တာဝန်ယူကြရမှာဖြစ်ပါတယ်။ အစဉ်အလာအတိုင်း အဖွဲ့ဝင်သစ်ဖြစ်လာတဲ့နိုင်ငံတွေရဲ့သံအမတ်ကြီးတွေက သူတို့ရဲ့ နိုင်ငံတော်အလံတွေကို လုံခြုံရေးကောင်စီအစည်းအဝေးခန်းအပြင်က အလံတွေလွှင့်ထားတဲ့နေရာမှာ စိုက်ထူခဲ့ကြပါတယ်။

Mozambique သံအမတ်ကြီး Pedro Comissário Afonso က သမိုင်းဝင်နေ့ဖြစ်တယ်လို့ ပြောကြားခဲ့သလို Switzerland သံအမတ်ကြီး Pascale Baeriswyl ကလည်း ကျိုးနွံစွာနဲ့ တာဝန်ယူသွားရမယ်ဆိုတဲ့စိတ်ထားရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီ ၂ နိုင်ငံလုံးက ပထမဆုံးအကြိမ် လုံခြုံရေးကောင်စီ အလှည့်ကျတာဝန်ကို ယူရတာဖြစ်ပါတယ်။

Malta နိုင်ငံက ဒုတိယအကြိမ်ဖြစ်ပြီး Ecuador က လေးကြိမ်မြောက်နဲ့ ဂျပန်ကတော့ သမိုင်းဝင် ၁၂ ကြိမ်မြောက် လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင် တာဝန်ကိုယူရတာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကတော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဖြစ်ကြပြီး အဲဒီနိုင်ငံ ၅ နိုင်ငံက ဗီတိုအာဏာသုံးခွင့်ရှိပါတယ်။ ၂ နှစ်စီ တာဝန်ယူရတဲ့ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံကိုတော့ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံက အထွေထွေညီလာခံမှာ ရွေးချယ်ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=====================

[[Unicode]]







XS
SM
MD
LG