သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တောင်ကိုရီးယား အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်


အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု (မတ် ၃၀၊ ၂၀၁၅)
အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု (မတ် ၃၀၊ ၂၀၁၅)

လာမယ့် အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ အကြီးမားဆုံးဖြစ်လိမ့်မယ်လို့ တောင်ကိုရီးယားကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။ ဒါဟာ မြောက်ကိုရီးယားနိုင်ငံဘက် က နျူးကလီးယားဖေါက်ခွဲမှု နဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီးတဲ့နောက် ၂ နိုင်ငံကြား ဆက်ဆံရေး အရှိန်မြင့် တင်းမာလာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင် ၁ သောင်းခွဲလောက်ဟာ နောက်လထဲမှာ Key Resolve နဲ့ Foal Eagle နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်လိမ့်မယ် လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Han Min-koo က ဒီကနေ့မှာ ပြောလိုက်တာပါ။ ဒီအရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်ကထက် ၂ ဆ တိုးလာတာလည်းဖြစ်ပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်ရာမှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော John C. Stennis ပါဝင်မယ်လို့ တောင်ကိုရီးယား ယုံဟပ်သတင်းဌာနက ကြေညာပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ သူတို့နိုင်ငံကို ကျူးကျော်ဖို့ ပြင်ဆင်နေတာ လို့ မြောက်ကိုရီးယားဘက် က စွပ်စွဲပြောဆိုလေ့ ရှိပါတယ်။ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ တောင်ကိုရီးယားကို တိုက်ခိုက်ဖို့ ပြင်ဆင်ဖို့ အမိန့်ပေးထားကြောင်း တောင်ကိုရီးယား အစိုးရကို ထောက်လှမ်းရေး ဘက်က ပြောဆိုထားပါတယ်။

XS
SM
MD
LG