သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အပစ်ရပ်သဘောတူချက် စတင်ပေမဲ့ မခိုင်မာသေး


ယူကရိန်းသမ္မတ Petro Poroshenko နိုင်ငံအရှ့ပိုင်း သဘောၤဆိပ်မြို့ဖြစ်တဲ့ Mariupol မြို့ကို သွားရောက်စဉ်။ (စက်တင်ဘာ ၈၊ ၂၀၁၄)
ယူကရိန်းသမ္မတ Petro Poroshenko နိုင်ငံအရှ့ပိုင်း သဘောၤဆိပ်မြို့ဖြစ်တဲ့ Mariupol မြို့ကို သွားရောက်စဉ်။ (စက်တင်ဘာ ၈၊ ၂၀၁၄)

ယူကရိန်း အရာရှိတွေက ယူကရိန်းနဲ့ အစိုးရနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကြား အပစ်အခတ်ရပ်စဲရေးကို နိုင်ငံအရှေ့ပိုင်း နေရာများစွာမှာ ဆက်ထိန်းထားနိုင်ပေမယ့် ဒီအပစ်ရပ်ရေး သဘောတူညီမှု ပြန်ပျက်မှာ စိုးရိမ်နေသေးတယ်လို့ ဒီနေ့ထုတ်ပြောလိုက်ပါတယ်။

မနေ့က တနင်္ဂနွေနေ့မှာ တိုက်ပွဲကြီးတွေ မရှိခဲ့ပေမယ့် စနေနေ့မှာ ဖြစ်ခဲ့တဲ့ ဗုံးကျဲတိုက်ခိုက်မှုကြီးတွေကြောင့် ဒီ နှစ်ရက်တာ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်သွားနိုင်တဲ့ အခြေအနေကို စိုးရိမ်နေကြတာပါ။ ဒါပေမဲ့ တနင်္ဂနွေနေ့မှာ ဒေါညက်စ်မြို့ လေဆိပ်အနီး ဗုံးကျဲ တိုက်ခိုက်မှု ကြောင့် ရွာငယ်တခုက နေအိမ်နှစ်လုံး မီးလောင်ခဲ့သလို မာရီယူပူး (Mariupol) မြို့အနီး တိုက်ခိုက်မှုတွေကြောင့်လည်း အရပ်သားတဦး သေဆုံးပြီး သုံး ဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။ ဒီတိုက်ပွဲတွေဖြစ်ခဲ့ရတာအတွက် နှစ်ဘက်လုံးက တဘက်ကိုတဘက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။

ယူကရိန်း အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ပြောခွင့်ရသူတဦး က ယူကရိန်းအစိုးရ တပ်ဖွဲ့တွေဘက်က အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အ၀ လိုက်နာနေတယ်၊ ပြီးခဲ့တဲ့ ၂၄ နာရီတွင်း သူတို့ရဲ့ စစ်ဆေးရေးဂိတ်တွေကို အကြမ်းဖက်သမားတွေ ဘက်က ဗုံးကျဲ တိုက်ခိုက်ခဲ့တယ် လို့ဆိုပါတယ်။ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေဘက်ကလည်း Spartak ရပ်ကွက် ဆင်ခြေဖုံးမှာ မော်တာကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တာ ခံရတယ်လို့ ဆိုပြီး အရပ်သားတွေရဲ့ အိမ်လေးလုံး မီးလောင်ပျက်စီးခဲ့တဲ့ အကြောင်းနဲ့ သူတို့အတွက် အပစ်အခတ်ရပ်စဲရေး ဆိုတာ မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International ကတော့ ရုရှား ဟာ ယူကရိန်း ခွဲထွက်ရေးသမားတွေကို လက်နက်ခဲယမ်းတွေနဲ့ တခြား အထောက်အပံ့တွေပေးပြီး ပဋိပက္ခ ပိုဆိုးအောင် မြောက်ပင့်ပေးနေတဲ့ သက်သေတွေ ရှိတယ်လို့ တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

ယူကရိန်းဒေသ အရှေ့ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်ပြစ်မှုတွေနဲ့ အရပ်သားအခွင့်အရေး လစ်လျူရှုမှုတွေအတွက် နှစ်ဘက်စလုံးမှာ တာဝန်ရှိတယ်လို့လည်း Amnesty International အဖွဲ့က ပြောထားပါတယ်။

XS
SM
MD
LG