သုံးရလွယ်ကူစေသည့် Link များ

ဂျနီဗာမှာ ယူကရိန်းအရေး နိုင်ငံတကာ ဆွေးနွေး


ဂျနီဗာမှာ ကျင်းပနေတဲ့ ယူကရိန်းအရေး ဆွေးနွေးပွဲ။ (ဧပြီ ၁၇၊ ၂၀၁၄)
ယူကရိန်းနိုင်ငံနဲ့ ပါတ်သက်တဲ့ နိုင်ငံတကာဆွေးနွေးပွဲကို Switzerland
နိုင်ငံ Geneva မြို့မှာ စတင်နေပါပြီ၊ ယူကရိန်းမှာဖြစ်နေတဲ့ တင်းမာမှုတွေ
ပြေလျော့သွားစေဖို့ ရုရှားကဘယ်လောက် အလေးအနက်ရှိသလဲဆိုတာကို
ဒီဆွေးနွေးပွဲကနေ သိအောင်လုပ်မယ်လို့ အမေရိကန်က ပြောပါတယ်၊ Geneva
ဆွေးနွေးပွဲမှာ ယူကရိန်း၊ ရုရှား အမေရိကန်နဲ့ EU
နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်ဆွေးနွေးနေကြပါတယ်။


ယူကရိန်းနိုင်ငံတည်ငြိမ်ရေး ပျက်ပြားအောင်နဲ့ ယူကရိန်းအချုပ်အခြာအာဏာ
ထိပါးအောင် ရုရှားက လုပ်သမျှခြေလှမ်းတိုင်းအတွက် အကျိုးဆက်တွေကို
ခံစားရမှာဖြစ်တယ်လို့ CBS ရုပ်သံနဲ့ ဗုဒ္ဓဟူးနေ့တုန်းက မေးမြန်းခန်းမှာ
သမ္မတ Barack Obama က ပြောကြားခဲ့ပါတယ်။

ရုရှား နိုင်ငံက စစ်ပွဲဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးဆိုတာကိုတော့ သူလက်ခံတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်၊ ယူကရိန်းနိုင်ငံ Mariupol မြို့က အခြေစိုက်စခန်းတခုမှာတော့ ရုရှား လိုလားတဲ့ ခွဲထွက်သူတွေနဲ့
တပ်ဖွဲ့ဝင်တွေကြား ဒီကနေ့ အပြန်အလှန်ပြစ်ခတ်မှုမှာ ရုရှား လိုလားသူ ၃
ယောက်ထက်မနည်းသေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရသွားတယ်လို့
ယူကရိန်းပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ရုရှား သမ္မတ Vladimir Putin ကတော့ ဒီကနေ့ ကြာသပတေးနေ့ မှာ ရုပ်မြင်သံကြားပေါ်မှာ ပြည်သူအများရဲ့ဆက်သွယ်မေးမြန်းမှုတွေ ကို ဖြေကြားခဲ့ပါတယ်၊ ယူကရိန်းနိုင်ငံနဲ့ အပေးအယူ လုပ်နိုင်ဖို့ Geneva ဆွေးနွေးပွဲဟာ အင်မတန်အရေးကြီးတယ်လို့
ရုရှား သမ္မတက ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံထဲမှာ ရုရှား စစ်တပ်တွေရှိနေတယ် လို့ ထင်နေကြတာ အဓိပ္ပါယ်မရှိဘူးလို့လဲ ဆိုခဲ့ပါတယ်၊ ယူကရိန်းနိုင်ငံထဲကနေ ခွဲထွက်ဖို့လုပ်နေကြတာအားလုံးက ဒေသခံတွေရဲ့
လုပ်ဆောင်မှုသာဖြစ်တယ်လို့​ရုရှား သမ္မတက ပြောခဲ့ပါတယ်၊

ဆက်စပ်သတင်းများ ...

XS
SM
MD
LG