သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသားချင်းစာနာကူညီမှု ကုလလက်ထောက်တွင်း/ချုပ် မြန်မာနိုင်ငံရောက်ရှိ


ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller
ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို ကိုယ်တိုင် လေ့လာပြီး၊ ဝိုင်းကူဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကို ဒီနေ့ ရောက်ရှိသွားပါပြီ။

OCHA လို့အတိုခေါက်ခေါ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိုနှိုင်းရေးမူးရုံးရဲ့ အရေးပေါ်ကူညှီနှိုင်းရေး ဒုတိယအကြီးအကဲ Mueller အနေနဲ့ တပတ်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့်ဖြစ်လာတဲ့ လူမှုဒုက္ခတွေကို သွားကြည့်မှာဖြစ်ပါတယ်။

ဒီနေ့မနက် ရန်ကုန်ရောက်လာပြီး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ နက်ဖြန် နေပြည်တော် သွားဖို့ရှိတဲ့ သူမရဲ့ ခရီးစဉ်အကြောင်း ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဒုအကြီးအကဲ Ursula Mueller အနေနဲ့ ဒီနေ့ နိုင်ငံတကာနဲ့ ပြည်တွင်း NGO တွေ နောက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာပြောခွင့်ရ Pierre Peron ကဆိုပါတယ်။ ပြောခွင့်ရ Pierre Peron ကဆက်ပြီး လက်ထောက်အတွင်းရေးမှူးချုပ် Mueller အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့အပြင် ပြည်ထောင်စုအဆင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံဖို့ မနက်ဖြန်မှာ နေပြည်တော်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ မစ္စ Mueller အနေနဲ့ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကိုလည်း ပြောခွင့်ရ Peron က

“ဒီကိုလာရတဲ့ သူမ ရည်ရွယ်ချက်ကတော့ ဒီမှာဖြစ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်ဒုက္ခဖြစ်နေတာတွေကို နားလည်နိုင်ဖို့ ဖြစ်ပါတယ်။ သူမအနေနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အတွင်းရေးမှုးချုပ်ဖြစ်လာအပြီး ပထမဆုံးလာရောက်တဲ့ ခရီးစဉ်လဲဖြစ်တယ်လေ။ အဲ့ဒီတော့ ဒီမှာ အစိုးရအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှာဖြစ်သလို နိုင်ငံတကာ NGO တွေ၊ ကုလသမဂ္ဂ အေဂျင်စီဌာနတွေနဲ့ တွေ့ဆုံပြီး လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေကို ပိုကောင်းအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့ရှိပါတယ်။”

အခုလိုနေပြည်တော်ခရီးစဉ်အပြီး ဗုဒ္ဓဟူနေ့နဲ့ ကြာသပတေးနေ့မှာတော့ ရခိုင်ပြည်နယ်၊နောက်သောကြာနဲ့ စနေမှာ ကချင်ပြည်နယ်ကို သွားဖို့ရှိတယ်လို့ Peron က ဆက်ပြောခဲ့ပါတယ်။ ဒီခရီးစဉ်တွေမှာ ဘာတွေလုပ်ဖို့စီစဉ်ထားပါသလဲလို့ မေးရာမှာ Peron ကပြီး။

“ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ လူသားချင်းဆိုင်ရာ ထိခိုက်ခံစားနေရတာတွေကို မျက်မြင်သွားကြည့်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေရဲ့ ထိခိုက်သက်ရောက်မူတွေကို လေ့လာတာအပြင်၊ ရခိုင်ပြဿနာ အဆုံးသတ်ရေးကိုလဲ ဝိုင်းအဖြေရှာပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ပြည်နယ်အဆင့် အစိုးရ အရာရှိတွေ၊ နောက် ဒေသထဲက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတဲ့အဖွဲ့တွေနဲ့ တွေ့ပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။”

Peron က နိုင်ငံတကာမှာ ပိုမိုအာရုံစိုက်ခံနေရတဲ့ ရခိုင်ပြဿနာဖြေရှင်းဖို့ ကြိုးပမ်းရာမှာ ဒုက္ခရောက်နေသူတွေနဲ့ပါတွေ့ဆုံဖို့ ပြင်ဆင်ထားတယ်လို့ ဆက်ပြောခဲ့ပါတယ်။

“ရခိုင်မှာ ဘယ်နေရာတွေကို သွားနိုင်မယ်ဆိုတာတော့ အတည်ပြုချက် မရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူမအနေနဲပေါ့လေ ရခိုင်အလယ်ပိုင်း စစ်တွေနားတဝိုက်က ရွေ.ပြောင်းဒုက္ခသည် IDP စခန်းတွေကို သွားကြည့်ချင်ပါတယ်။ ရခိုင်မြောက်ပိုင်း မောင်တောက စခန်းတွေရောပေါ့နော်။”

တကယ်တော့ အခုဒီ ရခိုင်ပြဿနာကြောင့် ဘင်္ဂလားနယ်စပ်ကို ရခိုင်ပြည်နယ်က ဒုက္ခသည်စုစုပေါင်း ၆ သိန်းကျော်ထွက်ပြေးခဲ့ရတယ်လို့ ကုလအနေနဲ့ ထုတ်ပြန်အပြီး မိုးရာသီကျရောက်လာချိန် ဒုက္ခသည်တွေပိုမိုဒုက္ခရောက်နိုင်တဲ့အတွက် နိုင်ငံတကာက စိုးရိမ်လာချိန်မှာ လက်ထောက်အတွင်းရေးမှူးချုပ် Mueller ခရီးစဉ်ဖြစ်လာခဲ့တာပါ။

လူသားချင်းစာနာကူညီမှု ကုလလက်ထောက်တွင်း/ချုပ် မြန်မာနိုင်ငံရောက်ရှိ
please wait

No media source currently available

0:00 0:03:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG