သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေစွမ်းမပြ သွားစွမ်းပြတဲ့ Saurez ကိုက်မှု FIFA စစ်ဆေး


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင်းမှာ ဥရုဂွေးကစားသမား Luis Suarez က အီတလီကစားသမားရဲ့ ပုခုံးကို ကိုက်ခဲ့ပြီးတဲ့နောက် Suarez ကို ဘယ်လို အရေးယူမလဲဆိုတာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က စုံစမ်း သုံးသပ်မှုတွေ လုပ်နေပါတယ်။ ဥရုဂွေးအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အီတလီကို အနိုင်ရခဲ့တဲ့ မနေ့က ကစားပွဲမှာ ဥရုဂွေးတိုက်စစ်မှူး Luis Suarez က အီတလီက Giorgio Chiellini ရဲ့ ပုခုံးကို ကိုက်လိုက်ပုံရတာကို ရုပ်မြင်သံကြား အနှေးပြကွက်မှာ တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင်နေကြတာမှာ ဒီကနေ့တော့ အုပ်စု E နဲ့ F က အသင်းတွေရဲ့ အဆုံးအဖြတ်ပွဲတွေကို ယှဉ်ပြိုင် ကစားကြဖို့ ရှိပါတယ်။ အုပ်စု F ရဲ့ အဓိကပွဲကတော့ လက်ရှိ အုပ်စုဗိုလ်ဖြစ်နေတဲ့ အာဂျင်တီးနားနဲ့ နိုင်ဂျီးရီးယားတို့ပွဲ ဖြစ်ပါတယ်။ သူတို့နှစ်သင်း သရေကျတယ်ဆိုရင် နှစ်သင်းစလုံး နောက်တဆင့်တက်မှာ ဖြစ်ပေမဲ့ အကယ်၍ အာဂျင်တီးနားက အနိုင်ရတယ်ဆိုရင်တော့ အီရန်နဲ့ ဘောစနီးယား-ဟာဇီဂိုဗီးနားတို့ပွဲမှာ အီရန်က အနိုင်ရအောင်ကစားပြီး နောက်တဆင့် တက်သွားနိုင်ဖို့ အခွင့်အလန်း ရပါလိမ့်မယ်။

အုပ်စု E မှာ ပြင်သစ်အသင်းဟာ နှစ်ပွဲနိုင် ၆ မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်နေပေမဲ့ နောက်တဆင့်တက်ဖို့ အခိုင်အမာမဖြစ်သေးဘဲ ဒီကနေ့ အီကွေဒေါနဲ့ ကစားမယ့်ပွဲက အဆုံးအဖြတ် ပေးပါလိမ့်မယ်။ တကယ်လို့ အီကွေဒေါက ပြင်သစ်ကို အနိုင်ကစားပြီး တပွဲနိုင် တပွဲရှုံးနဲ့ သုံးမှတ်ရထားတဲ့ ဆွစ်ဇာလန်က နိုင်ပွဲမရှိသေးတဲ့ ဟွန်ဒူးရပ်စ်ကို အနိုင်ရမယ်ဆိုရင်တော့ ပြင်သစ်တို့ အိမ်ပြန် သွားရနိုင်ခြေ ရှိပါတယ်။

XS
SM
MD
LG