သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွားစွမ်းပြတဲ့ Suarez ၉ ပွဲအပယ်ခံရ


အီတလီ အားကစားသမားကို သွားနဲ့ကိုက်လိုက်တဲ့ Suarez။
အီတလီ အားကစားသမားကို သွားနဲ့ကိုက်လိုက်တဲ့ Suarez။

အီတလီ ကစားသမားကို ကိုက်ခဲ့တဲ့ အတွက် ဥရုဂွေး က လူဝစ် ဆိုရက်စ် (Luis Suraez) ကို ဖီဖာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က နိုင်ငံတကာ ပွဲ ၉ ပွဲ ပယ်လိုက်ပါပြီ။
အဲဒီ့အမှု အတွက် ဒဏ်ကြေး ဒေါ်လာ ၁၁၂,၀၀၀ ရိုက်လိုက်ပြီး လေးလ တိတိ ဘောလုံး နဲ့ ပတ်သက်တဲ့ ကိစ္စ ဘာမှ မလုပ်ဖို့ လည်း တားမြစ်လိုက်ပါတယ်။

ဥရုဂွေးက အီတလီကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ ပွဲမှာ ဆိုရက်စ် Suraez က အီတလီ က ဂျော်ဂျီယို ချီလီနီ (Giorgio Chiellini) ရဲ့ ပုခုံးကို ကိုက်လိုက်တာပါ။ အရင် ရှေ့နှစ်ခေါက်တုန်းကလည်း တဖက်အသင်းက လူကို ကိုက်တဲ့ အတွက် တာဝန်ရှိသူတွေက ဆိုရက်စ် ကို တားမြစ်ခဲ့ဖူးပါတယ်။ ဒီကနေ့မှာ ဒုတိယအဆင့်ကို တက်ဖို့ အတွက် နောက်ဆုံးနေ့ အဖြစ် အသင်း ၈ သင်း ကစားကြမှာ ဖြစ်ပါတယ်။ ဂျာမနီ နဲ့ အမေရိကန် ပွဲစဉ်မှာ မိုးပြင်းပြင်းထန်ထန် ရွာတဲ့ အတွက် ကစားတဲ့ အသင်းတွေ အတွက် ပြဿနာ ရှိနိုင်ပါတယ်။

အုပ်စု G က အသင်းဖြစ်တဲ့ ဂါနာ အသင်းက ကစားသမား တစ်ဦးကို ပွဲပယ်ဖို့ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို ဂါနာ ဘောလုံး အဖွဲ့ချုပ် က အတည်ပြုလိုက်ပါတယ်။ နည်းပြကို စော်ကားခဲ့တဲ့ အတွက် အကန့်အသတ်မရှိ တားမြစ်ခံရတဲ့ ဂါနာ ကစားသမား ကယ်ဗင် ပရင်စ် ဘုတ်တန် (Kevin Prince Boateng) ကို အဲဒီ ဆုံးဖြတ်ဟာ ချက်ချင်း သက်ရောက်တဲ့အတွက် ကနေ့ကစားမယ့် ပေါ်တူဂီ နဲ့ ပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး

XS
SM
MD
LG