သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ၂၅၀၀ ကျော် အမေရိကန် ဒီနှစ်လက်ခံ


အမေရိကန်ပြည်ထောင်စုကို လာရောက်ကြမယ့် ဒုက္ခသည်အားလုံးတို့ကို အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန၊ FBI အကြမ်းဖက်သမား စိစစ်ရေးဌာန၊ အမိမြေလုံခြုံရေးဌာနနဲ့ အမေရိကန် ကာကွယ်ရေးဌာနတို့က အဆင့်အမြင့်ဆုံး လုံခြုံရေး စစ်ဆေးမှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုလို စိစစ်မှုတွေ ပြုလုပ်အပြီး ရိုဟင်ဂျာတွေ အပါအဝင် ဒုက္ခသည်တွေအဖြစ် လက်ခံနိုင်မယ့်သူတွေကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ပြုခဲ့တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကမ္ဘာတဝှမ်း ဒုက္ခသည်များလက်ခံရေး စိစစ်တဲ့စနစ် ဖော်ပြတဲ့ ဝဘ်ဆိုက်ကို ၂၀၀၂ ခုနှစ်က စတင် ဖန်တီးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို လက်ခံခဲ့ရာမှာ ၂၀၁၅ ခုနှစ်အတွက် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၂,၅၇၃ ဦးကို လက်ခံခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရရုံးက သတင်းထုတ်ပြန်ပါတယ်။

XS
SM
MD
LG