သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောလိဝုဒ် မင်းသား Matt Dillon ရဲ့ ရိုဟင်ဂျာ အရေး ရှင်းလင်းပွဲ


ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့သူ အမေရိကန်ရုပ်ရှင်မင်းသား Matt Dillon (မေ ၂၉၊ ၂၀၁၅)
ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့သူ အမေရိကန်ရုပ်ရှင်မင်းသား Matt Dillon (မေ ၂၉၊ ၂၀၁၅)

ကုလသမဂ္ဂရဲ့အဆို ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာ လူသားချင်းစာနာမှု အကူအညီတွေ ဘယ်လောက်အထိ လိုအပ်နေတယ်ဆိုတာ ကမ္ဘာကသိစေချင်တယ်လို့ သိပ်မကြာခင်တုန်းကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေထဲကို သွားရောက်ခဲ့တဲ့ အမေရိကန် ဟောလိဝုဒ် မင်းသား Matt Dillon က ပြောပါတယ်။

"ဒီဒုက္ခသည်စခန်းတွေဟာ ပူလောင်ခြောက်သွေ့ပြီး သစ်ပင်ဆိုလို့ တပင်မှ မရှိကြောင်းနဲ့ ရွေးချယ်ခွင့်သာရှိမယ်ဆိုရင် အဲဒီလိုနေရာမျိုးကို ဘယ်သူမှ နေချင်ကြမှာမဟုတ်ကြောင်း၊ ဒုက္ခသည်တွေအတွက် ကျန်းမာရေးဆိုင်ရာ အထောက် အပံ့တွေ အလုံအလောက် မရှိတဲ့အကြောင်း၊ Matt Dillon က ဝါရှင်တန်မြို့တော်က အမျိုးသားသတင်းထောက်များ အသင်းမှာ ပြောသွားပါတယ်။

ဟောလိဝုဒ် မင်းသား Dillon ဟာ ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက လူသားချင်း စာနာမှု လိုအပ်နေတဲ့ အခြေအနေတွေကို မီးမှောင်းထိုးပြတဲ့ အနေနဲ့ ဒီလအစောပိုင်းတုန်းကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်းဆိုးရွားတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြားဟာ ပင်လယ်ထဲမှာ စက်လှေတွေနဲ့ အသက်စွန့် ဖြတ်ကျော်ပြီး အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွာနေကြတယ်လို့ ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကလည်း မြန်မာအစိုးရကို ဝေဖန်ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရကတော့ ပင်လယ်တွင်း လှေစီးဒုက္ခသည်တွေ ဟာ နိုင်ငံတကာက ပြောသလို ရိုဟင်ဂျာ ဒုက္ခသည်တွေ မဟုတ်တဲ့အကြောင်း တုံ့ပြန်ထားပြီး မြန်မာ့ ရေပိုင်နက်တွင်းမှာကိုပဲ တွေ့ရှိ ကယ်တင်ခဲ့ရတဲ့ လှေစီးပြေး ၉၀၀ ကျော် ရှိခဲ့တဲ့အကြောင်းနဲ့ သူတို့ကို စိစစ်မှုတွေလုပ်ပြီး မူရင်းထွက်ခွာလာရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြန်လည် ပို့ပေးနေတယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG