သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုအသစ် အမေရိကန် ချမှတ်


သမ္မတ Vladimir Putin နဲ့ နီးစပ်ပြီး လက်ရှိ အမေရိကန် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားနေတဲ့ Gennady Timchenko။
သမ္မတ Vladimir Putin နဲ့ နီးစပ်ပြီး လက်ရှိ အမေရိကန် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားနေတဲ့ Gennady Timchenko။

ယူကရိန်းနိုင်ငံနဲ့ပတ်သက်လို့ ရုရှားရဲ့ ရပ်တည် လုပ်ဆောင်ချက်တွေကြောင့် ပစ်မှတ်ထား ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ စာရင်းထဲ နောက်ထပ် လူပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်း ၂၆ ခုကို အမေရိကန်ပြည်ထောင်စုက ထပ်တိုး ချမှတ်လိုက်ပါတယ်။

အခု ပြဌာန်းလိုက်တဲ့ ပိတ်ဆို့မှု အသစ်ထဲက လူပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်း ၁၃ ခုတို့ဟာ Kalashnikov မောင်းပြန်သေနတ် ထုတ်လုပ်သူ Klashnikov Conern ကုမ္ပဏီနဲ့ သမ္မတ Vladimir Putin နဲ့ နီးစပ်ပြီး လက်ရှိ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားနေတဲ့ Gennady Timchenko နဲ့ Boris Rotenberg တို့နဲ့ ဆက်နွယ်နေသူတွေ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူတို့အားလုံးဟာ လက်ရှိမှာ ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲ ပါပြီးသားသူတွေ ဖြစ်ပါတယ်။

အသစ်ပြဌာန်းလိုက်တဲ့ ပိတ်ဆို့ အရေးယူခံရသူတွေ စာရင်းထဲမှာ ရုရှားနိုင်ငံက လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီ ၂ ခု ၊ အများပြည်သူပိုင် ဘဏ္ဍာငွေကြေးနဲ့ ရုပ်ဝတ္ထုပစ္စည်း၊ သို့မဟုတ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေကို ပျက်ဆီးအောင် လုပ်ဆောင်ခဲ့ကြတဲ့ ယူကရိန်း အစိုးရ အရာရှိဟောင်း ၊ သို့မဟုတ် သူတို့နဲ့ နီးစပ်သူ ၄ ဦး ၊ မနှစ်က ရုရှားက သိမ်းပိုက်လိုက်တဲ့ ပင်လယ်နက် ကျွန်းဆွယ်မှာ ရှိတဲ့ Crimea ဒေသက ဆိပ်ကမ်းဝန်ထမ်း ၅ ဦး နဲ့ Crimea ဒေသက ဖယ်ရီသင်္ဘောမောင်းသူ တဦးတို့ ပါဝင်ပါတယ်။

အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားခွင့် ရှိသလို အမေရိကန်နိုင်ငံသားတွေအနေနဲ့လည်း သူတို့နဲ့ ထိစပ် စီးပွားလုပ်ခွင့် မရှိပါဘူး။

အခု အသစ်ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ ရုရှားအပေါ် လက်ရှိ ချမှတ်ထားပြီးဖြစ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ဖြစ်ပြီး အရှိန်မြင့် လုပ်ဆောင်ခြင်းမဟုတ်ဘူးလို့ အမေရိကန် အစိုးရအရာရှိတွေ ပြောတာကို သတင်းတွေမှာ ကိုးကား ဖော်ပြထားပါတယ်။

XS
SM
MD
LG