သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန် မဟာမိတ်တပ် အုပ်ချုပ်မှု ဗိုလ်ချုပ်ကြီး ပက်ထရီးယပ်စ် လွှဲပြောင်းပေး

အာဖဂန်နစ္စတန် မဟာမိတ်တပ် အုပ်ချုပ်မှု ဗိုလ်ချုပ်ကြီး ပက်ထရီးယပ်စ် လွှဲပြောင်းပေး
အာဖဂန်နစ္စတန် မဟာမိတ်တပ် အုပ်ချုပ်မှု ဗိုလ်ချုပ်ကြီး ပက်ထရီးယပ်စ် လွှဲပြောင်းပေး

အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး အမေရိကန် ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရီးယပ်စ် (David Petraeus) ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ တနှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခု သူ့ရဲ့ တာဝန်တွေကို အမေရိကန် ဗိုလ်ချုပ်ကြီး ဂျွန် အယ်လန် (John Allen) ကို ဒီနေ့ လွှဲပြောင်း ပေးအပ်လိုက်ပါပြီ။

နေတိုးတပ်မှူးကြီးရဲ့ တာဝန်တွေကို ကဘူးလ် (Kabul) မြို့တော်မှာ အခမ်းအနားနဲ့ ဒီနေ့ တနင်္လာနေ့မှာ လွှဲပြောင်း ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး အယ်လန်ဟာ အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်ရဲ့ ဒုတိယ တပ်မှူးကြီးတဦးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

အစွန်းရောက်ဝါဒီတွေ၊ အကြမ်းဖက်ဝါဒီတွေ ကင်းစင်တဲ့၊ တည်ငြိမ်လုံခြုံတဲ့ ပတ်ဝန်းကျင်မျိုးရှိတဲ့ အာဖဂန်နစ္စတန် နိုင်ငံအဖြစ် သူတွေ့မြင်လိုတယ်လို့ ဗိုလ်ချုပ်ကြီး အယ်လန်က တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ပက်ထရီးယပ်စ်ဟာ CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲအဖြစ် တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။ CIA အကြီးအကဲ ဖြစ်ခဲ့သူ လီယွန် ပန်နက်တာ (Leon Panetta) ကတော့ အခု အမေရိကန် ကာကွယ်ရေးဝန်ကြီး တာဝန် ယူထားပါပြီ။

တချိန်တည်းမှာပဲ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ ဒီနေ့ ပေါက်ကွဲမှုကြောင့် နေတိုးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရတယ်လို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။

ကဘူးလ်မြို့မှာလည်း တနင်္ဂနွေနေ့တုန်းက အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ် တဦးနဲ့ လွှတ်တော်အမတ်တဦး သေဆုံးခဲ့ရပါတယ်။

This item is part of
XS
SM
MD
LG