သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္ထိန္းခ်ဳပ္ထားတဲ့ အာဖဂန္အရန္ေငြ တိုင္းျပည္ဖြံ႔ၿဖိဳးေရးအတြက္ သုံးခြင့္ျပဳမည္ 


United States Afghan Fund

အာဖဂန္ နစၥတန္ႏိုင္ငံရဲ႕စီးပြားေရး တည္ၿငိမ္မႈရွိေအာင္ ကူညီတဲ့အေနနဲ႔ အာဖဂန္ရဲ႕ ႏိုင္ငံျခားအရန္ေငြ ေဒၚလာ ၃ ဘီလီယံခဲြကို ဆြစ္ဇာလန္ႏိုင္ငံမွာ ဘဏ္စာရင္းဖြင့္္ေပးမယ္လို႔ ဗုဒၶဟူးေန႔မွာ အေမရိကန္က ေျပာၾကားလိုက္ပါတယ္။ အာဖဂနစၥတန္မွာ တာလီဘန္ေတြ အာဏာရၿပီးေနာက္ပိုင္း အေမရိကန္က ထိန္းခ်ဳပ္ထားတဲ့ အရန္ေငြေတြကိုေတာ့ ဘ႑ာေရးဘုတ္အဖဲြ႕တခု ဖဲြ႕စည္းၿပီး စီမံခန္႔ခဲြ သြားမွာပါ။

ဒီရန္ပုံေငြက အာဖဂန္ေငြေၾကး မျပဳိလဲသြားေအာင္ အကာအကြယ္ေပးဖို႔နဲ႔ ေပးေခ်ရမယ္႔ ကိစၥေတြအတြက္ အသံုးျပဳဖို႔ ျဖစ္တယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ လွ်ပ္စစ္ဓါတ္အား တင္သြင္းမႈနဲ႔ အေႂကြးေပးဆပ္ရမယ့္ ကိစၥအတြက္ ႏိုင္ငံတကာေငြေၾကးအဖြဲ႔အစည္းေတြကို ဒီရန္ပုံေငြကေန ထုတ္ေပးသြားဖို႔ ျဖစ္ၿပီး ဒီလို လုပ္ျခင္းအားျဖင့္ ႏိုင္ငံတကာက ေပးမယ့္ ဖြံ႔ျဖဳိးတိုးတက္ေရး အကူအညီေတြ ဆက္လက္ ရရွိေအာင္ လုပ္သြားေရးျဖစ္ပါတယ္။

အေမရိကန္ ဘဏ္ေတြမွာ ထိန္းခ်ဳပ္ခံထားရတဲ့ အာဖဂန္ရဲ႕ ႏိုင္ငံျခားအရံေငြ ေဒၚလာ ဘီလ်ံေပါင္းမ်ားစြာကို ထုတ္ယူ သုံးစြဲခြင့္ရဖို႔ တာလီဘန္အစိုးရက ၾကဳိးပမ္းေနဆဲ ျဖစ္ပါတယ္။ ေငြေတြကို အာဖဂန္ဗဟိုဘဏ္ထဲ တိုက္႐ိုက္ ထည့္ေပးလိုက္မယ္ဆိုရင္ ဒီေငြေတြဟာ အာဖဂန္ ျပည္သူေတြရဲ႕အက်ဳိးစီးပြားအတြက္ အသုံးမျပဳပဲ ျဖစ္သြားမွာကို စိုးရိမ္မိတယ္လို႔ အေမရိကန္ဘ႑ာေရးဌာန ဒုဝန္ႀကီး Wally Ademeyo က ေပးပို႔တဲ့စာမွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

အာဖဂန် နစ္စတန်နိုင်ငံရဲ့စီးပွားရေး တည်ငြိမ်မှုရှိအောင် ကူညီတဲ့အနေနဲ့ အာဖဂန်ရဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၃ ဘီလီယံခွဲကို ဆွစ်ဇာလန်နိုင်ငံမှာ ဘဏ်စာရင်းဖွင့်ပေးမယ်လို့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်က ပြောကြားလိုက်ပါတယ်။ အာဖဂနစ္စတန်မှာ တာလီဘန်တွေ အာဏာရပြီးနောက်ပိုင်း အမေရိကန်က ထိန်းချုပ်ထားတဲ့ အရန်ငွေတွေကိုတော့ ဘဏ္ဍာရေးဘုတ်အဖွဲ့တခု ဖွဲ့စည်းပြီး စီမံခန့်ခွဲ သွားမှာပါ။

ဒီရန်ပုံငွေက အာဖဂန်ငွေကြေး မပြိုလဲသွားအောင် အကာအကွယ်ပေးဖို့နဲ့ ပေးချေရမယ့် ကိစ္စတွေအတွက် အသုံးပြုဖို့ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ လျှပ်စစ်ဓါတ်အား တင်သွင်းမှုနဲ့ အကြွေးပေးဆပ်ရမယ့် ကိစ္စအတွက် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကို ဒီရန်ပုံငွေကနေ ထုတ်ပေးသွားဖို့ ဖြစ်ပြီး ဒီလို လုပ်ခြင်းအားဖြင့် နိုင်ငံတကာက ပေးမယ့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ဆက်လက် ရရှိအောင် လုပ်သွားရေးဖြစ်ပါတယ်။

အမေရိကန် ဘဏ်တွေမှာ ထိန်းချုပ်ခံထားရတဲ့ အာဖဂန်ရဲ့ နိုင်ငံခြားအရံငွေ ဒေါ်လာ ဘီလျံပေါင်းများစွာကို ထုတ်ယူ သုံးစွဲခွင့်ရဖို့ တာလီဘန်အစိုးရက ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ငွေတွေကို အာဖဂန်ဗဟိုဘဏ်ထဲ တိုက်ရိုက် ထည့်ပေးလိုက်မယ်ဆိုရင် ဒီငွေတွေဟာ အာဖဂန် ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် အသုံးမပြုပဲ ဖြစ်သွားမှာကို စိုးရိမ်မိတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာန ဒုဝန်ကြီး Wally Ademeyo က ပေးပို့တဲ့စာမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG