သုံးရလွယ်ကူစေသည့် Link များ

ကန်-အာဖရိက ထိပ်သီးအစည်းဝေး ဝါရှင်တန်ဒီစီမှာ ကျင်းပမည်


အမေရိကန်-အာဖရိက ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ

အာဖရိကနိုင်ငံပေါင်း ၅၀ လောက်က ခေါင်းဆောင်တွေဟာ အမေရိကန်သမ္မတ Barack Obama မမျှော်လင့်ဘဲ စီစဉ်လိုက်တဲ့ အမေရိကန်နဲ့ အာဖရိက နိုင်ငံများ ထိပ်သီးအစည်းဝေးကို တက်ရောက်ဖို့ ဝါရှင်တန် ဒီစီကို လာရောက်ကြမှာဖြစ်ပါတယ်။

မနက်ဖြန် ကျင်းပမယ့်ဆွေးနွေးပွဲအတွင်း အာဖရိနိုင်ငံတွေမှာ အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်း ဘာတွေ ရှိနိုင်တယ်ဆိုတာကို သိနိုင်ဖို့ အမေရိကန်ဘက်က မျှော်လင့်ထားတာပါ။

အာဖရိကဟာ စီးပွားရေးအလျှင်အမြန် တိုးတက်လာနေတဲ့ တိုက်တစ်တိုက်ဖြစ်ပီး အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို လိုလားနေတဲ့ ဒေသကြီး ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် စီးပွားရေးကုမ္ပဏီတွေကတော့ အာဖရိကမှာ ရင်းနှီးမြှုပ်နှံဖို့ လက်နှေးခဲ့ကြပါတယ်။

အမေရိကန်အနေနဲ့ အခုလို ဖိတ်ကြားဆွေးနွေးတာဟာ မကြုံစဖူး လုပ်ရပ်ပဲဖြစ်ပါတယ်။ ကုဋေနဲ့ ချီတဲ့ အလယ်လတ်တန်းစား အာဖရိကနိုင်ငံသား ဈေးကွက် ရှိရုံတင်မကဘဲ သဘာဝ အရင်းအမြစ်ပါ ကြွယ်ဝတဲ့ အာဖရိကနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေကြတဲ့ တရုတ်၊ ဥရောပနဲ့ ဂျပန်နိုင်ငံနိုင်ငံတွေနည်းတူပဲ အမေရိကန်ကလည်း ကြိုးစားတဲ့အနေနဲ့ အခုလို ထိပ်သီးဆွေးနွေးပွဲ ကျင်းပတာဖြစ်ပါတယ်။

အခုဆွေးနွေးပွဲကို ဇင်ဘာဘွေ၊ ဆူဒန်၊ အီရီ-ထရီးယားနဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံ ခေါင်းဆောင်တွေကလွဲလို့ ကျန်နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီထိပ်သီးဆွေးနွေးပွဲ လုပ်ချိန်ဟာ အနောက် အာဖရိကဖက်မှာ အီဘိုလာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့သေဆုံးနေကြချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဆွေးနွေးပွဲ တက်ကြမယ့် အာဖရိကခေါင်းဆောင်တွေအနေနဲ့ အမေရိကန်ကိုအ၀င်မှာ အီဘိုလာရောဂါ ကူးစက်မှု ရှိမရှိ စစ်ဆေးပြီးမှ နိုင်ငံထဲ အဝင်ခံမယ်လို့ သမ္မတ အိုဘားမားက သတိပေးလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG