သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားနိုင်ငံပေါ် အမေရိကန်ဗုံးကျဲလေယာဉ် ပျံသန်း


အမေရိကန် ဗုံးကျဲလေယာဉ် တစင်း ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်ကိုရီးယား နိုင်ငံပေါ်မှာ ပျံဝဲခဲ့။
အမေရိကန် ဗုံးကျဲလေယာဉ် တစင်း ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်ကိုရီးယား နိုင်ငံပေါ်မှာ ပျံဝဲခဲ့။

မြောက်ကိုရီးယားရဲ့ အခုနောက်ဆုံး နျူးကလီးယား စမ်းသပ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ခရီးဝေး ပျံသန်းနိုင်တဲ့ အမေရိကန် ဗုံးကျဲလေယာဉ် တစင်း ဒီကနေ့ တနင်္ဂနွေနေ့မှာ တောင်ကိုရီးယား နိုင်ငံပေါ်မှာ ပျံဝဲခဲ့ပါတယ်။

နျူးကလီးယား လက်နက်တွေ သယ်ဆောင်နိုင်စွမ်းရှိတဲ့ B- 52 ဗုံးကျဲလေယာဉ်ဟာ Guam အနီးက အခြေစိုက် စခန်းကို မပြန်ခင် တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ နယ်စပ်နဲ့ ၇၂ ကီလိုမီတာ အကွာက Osan လေတပ် အခြေစိုက်စခန်းပေါ်မှာ ပျံဝဲနေတာကို တွေ့ခဲ့ကြရပါတယ်။

ဗုံးကျဲလေယာဉ်ကိုတော့ အမေရိကန်နဲ့ တောင်ကိုရီးယား တိုက်လေယာဉ် နှစ်စင်းတို့ ခြံရံ ပျံသန်းခဲ့ကြပါတယ်။ ဗုံးကျဲလေယာဉ်ပျံသန်းမှုဟာဆိုရင် မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမိမြေ အမေရိကန် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ ကာကွယ်သွားမယ်ဆိုတာကို အမေရိကန်က ပြသတာပဲ ဖြစ်တယ်လို့ အမေရိကန် ပစိဖိတ် ဒေသဆိုင်ရာ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး Harry B. Harris, Jr. က ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။ မြောက်ကိုရီးယား နိုင်ငံက တတိယမြောက် နျူကလီးယား စမ်းသပ်ခဲ့ချိန် ၂၀၁၃ ခုနှစ်တုန်းကလည်း အမေရိကန်တို့က ခရီးရှည် ပျံသန်းနိုင်တဲ့ ဗုံးကျဲလေယာဉ် တစင်းကို တောင်ကိုရီးယားနိုင်ငံကို စေလွှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဟိုက်ဒြိုဂျင်ဗုံးလို့ ပြောဆိုတဲ့ ဗုံးကို စမ်းသပ်တာကို ကာကွယ်ပြောဆိုတဲ့ အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက အချုပ်အခြာအာဏာပိုင် နိုင်ငံတခုရဲ့ တရားဝင် အခွင့်အရေး တရပ် ဖြစ်ပြီး ဝေဖန်စရာ မရှိတဲ့ မျှတတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြည်သူ့တပ်မတော်ဆိုင်ရာ ဝန်ကြီးဌာနမှာ မိန့်ခွန်းပြောစဉ်မှာ ထည့်သွင်း ပြောဆိုခဲ့ပြီး နာရီပိုင်း အကြာ ဒီကနေ့ တနင်္ဂနွေနေ့မှာဘဲ အမေရိကန် ဗုံးကျဲလေယာဉ် B-52 ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG